အားလုံးပဲ မင်္ဂလာပါ။ အခုတစ်ခါဝေမျှပေးမယ့် Oreo ချိစ်ကိတ်က Oven လုံးဝ အသုံးမပြုဘဲ ရေခဲသေတ္တာကိုပဲ အဓိကထားအသုံးပြုသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • Orea ကွတ်ကီး ၂၄ ခု
  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း (အရည်ဖျော်ထားပါ)
  • ခရင်မ်ချိစ် ၄၀၀ ဂရမ်
  • Havey Cream ၄၀၀ မီလီလီတာ
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • သကြား စားပွဲတင်ဇွန်း ၈ ဇွန်း
  • Orea ၈ ခု (သို့) ၁၀ ခုခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အလုံပိတ်အိတ်ထဲသို့ Orea ၂၄ ခုခန့်ထည့်ကာ ညှက်နေအောင် ထုထောင်းလိုက်ပါ။ ရရှိလာတဲ့ ကွတ်ကီးအကြေအစများကို ပန်းကန်လုံးထဲသို့ ထည့်ကာ ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်းဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။

၂။ ကိတ်မုန့်ပြုလုပ်တဲ့ လင်ဗန်းကို ဆီစုပ်စက္ကူ ခံထားပါ။ ထို့နောက် ကွတ်ကီးအကြေအစများကို ထိုလင်ဗန်းထဲသို့ ထည့်ပြီးနောက် မျက်နှာပြင်ညီညာအောင် ညှိပေးလိုက်ပါ။ မျက်နှာပြင် ညီညာသွားပြီဆိုရင်တော့ ကွတ်ကီးမျက်နှာပြင်ကို ခပ်ဖွဖွလေး ဖွပေးရပါမယ်။ ထို့နောက် ရေခဲသေတ္တာထဲတွင် ၁၀ မိနစ်ခန့် ထည့်ထားလိုက်ပါ။

၃။ ထိုအချိန်တွင် ပန်းကန်လုံးအကြီးတစ်လုံးထဲ၌ ခရင်မ်ချိစ်များထည့်ကာ လျှပ်စစ်မွှေစက်ဖြင့် မွှေပေးလိုက်ပါ။ ထို့နောက် Heavy Cream ၊ ဗနီလာနှင့် သကြားတို့ထည့်ကာ သမအောင် ထပ်မွှေပေးရပါမယ်။

၄။ ခရင်မ်ပန်းကန်လုံးထဲသို့ Oreo ကွတ်ကီး ၈ ခု၊ ၁၀ ခုခန့် ချေထည့်လိုက်ပါ။ ထို့နောက် ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။

၅။ ရေခဲသေတ္တာထဲ အအေးခံထားသော လင်ဗန်းကို အပြင်ထုတ်ပြီးနောက် ခရင်မ် ကွတ်ကီးအရောအနှောများကို လင်ဗန်းထဲသို့ လောင်းထည့်လိုက်ပါ။

၆။ မျက်နှာပြင် ညီညာအောင် ညှိပြီးတဲ့အခါ ရေခဲသေတ္တာထဲတွင် ၄ နာရီကြာ အအေးခံထားလိုက်ပါ။ (အပေါ်ယံလွှာပေါ်တွင် Orea ၂ ခု၊ ၃ ခုခန့် ချေထည့်ကာ အလှဆင်နိုင်ပါသေးတယ်)

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ Oreo ချိစ် ကိတ်လေး ရရှိသွားပါပြီ။

လေးထောင့်အတုံးငယ်များ လှီးဖြတ်ကာ မိမိစိတ်ကြိုက် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Spicebangla.com