အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ချောကလက်ကိတ်မုန့် ကြိုက်နှစ်သက်သူများအတွက် မုန့်ဖုတ်စရာမလိုဘဲ အလွယ်တကူပြုလုပ်နိုင်တဲ့ စတော်ဘယ်ရီ ချောကလက်ကိတ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • Oreo ကွတ်ကီး ၃၂ ခု
  • ထောပတ် စားပွဲတင်ဇွန်း ၈ ဇွန်း (အရည်ဖျော်ထားပါ)
  • နို့ချောကလက် ၂၀၀ ဂရမ် (အတုံးသေးသေးလေး ဖဲ့ထားလိုက်ပါ)
  • အမဲရောင်ချောကလက် ၁၀၀ ဂရမ် (အတုံးသေးသေးလေး ဖဲ့ထားလိုက်ပါ)
  • Heavy ခရင်မ် ၂၀၀ မီလီလီတာ (၇ အောင်စ)

  • လတ်ဆတ်သော စတော်ဘယ်ရီသီးများ ၃၀၀ ဂရမ်
  • မြေပဲ (သို့) မိမိကြိုက်နှစ်သက်ရာ အခွံမာသီးတစ်မျိုးမျိုး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oreo ကွတ်ကီးများကို ကြိတ်စက်ထဲထည့်ပြီး အမှုန်များဖြစ်သွားသည်အထိ ကြေညက်အောင် မွှေပေးလိုက်ပါ။

ထို့နောက် အရည်ဖျော်ထားသော ထောပတ်များ လောင်းထည့်ကာ အရည်များဖြင့် စိုထိုင်းကာ အနှစ်များ ဖြစ်သွားအောင် ထပ်မွှေပါ။

၂။ ထို့နောက် ကိတ်မုန့်ပြုလုပ်မယ့် ဒယ်အိုးဝိုင်း (သို့) လေးထောင့်ဒယ်အိုးထဲသို့ စောစောက ကွတ်ကီးအနှစ်များထည့်ပါ။ သိပ်သိပ်သည်းသည်းလေးဖြစ်သွားပြီး မျက်နှာပြင်ညီညာသွားအောင်လို့ ဇွန်းဖြင့် ဖိပေးရပါမယ်။

၃။ ဒယ်အိုးအသေးတစ်လုံးကို အလယ်အလတ်မီးအပူချိန်ပေးပြီးနောက် ခရင်မ်ထည့်ကာ ပူတယ်ဆိုရုံလေးပဲ အပူပေးထားလိုက်ပါ။

၄။ ခရင်မ်က ပူသွားပြီဆိုရင်တော့ မီးဖိုပေါ်က ချက်ချင်းချကာ ချောကလက်အကြေအစများထဲသို့ လောင်းထည့်လိုက်ပါ။ ထို့နောက် ချောကလက်များ ပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။

၅။ ရရှိလာတဲ့ ချောကလက်ခရင်မ်များကို စောစောက Oreo မုန့်နှစ်များပေါ်သို့ ဆမ်းထည့်လိုက်ပါ။ ထို့နောက် လတ်ဆတ်သော စတော်ဘယ်ရီသီးများဖြင့် မိမိစိတ်ကြိုက် ပုံဖော်အလှဆင်လိုက်ပါ။

၆။ ထို့နောက် ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၂ နာရီမှ တစ်ညာကြာသည်အထိ အအေးခံထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်အောင် အအေးခံပြီးတဲ့နောက်မှာတော့ အရသာရှိပြီး လတ်ဆတ်တဲ့ စတော်ဘယ်ရီ ချောကလက်ကိတ်လေး ရရှိသွားပါပြီ။

Source: Homecookingadventure.com