အားလုံးပဲ မင်္ဂလာပါ။ ပါဝင်ပစ္စည်း ငါးမျိုးတည်းနဲ့ အရသာရှိတဲ့ နို့ ချောကလက် ရေခဲမုန့်လေးကို မိမိအိမ်မှာပဲ အလွယ်တကူ မလုပ်စားကြည့်ချင်ကြဘူးလား။
ပါဝင်ပစ္စည်းများ
- ချောကလက် အနည်းငယ်
- နို့ဆီဘူး တစ်ဘူး
- သစ်ခွရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
- ဆားအနည်းငယ်
- ဟဲဗီးခရင်မ် ၄၈၀ ဂရမ် (ပန်းကန်လုံး ၂ လုံးစာခန့်)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပန်းကန်လုံးတစ်လုံးထဲမှာ နို့ဆီ၊ သစ်ခွရည်နှင့် ဆားတို့ကို သမအောင် မွှေခလောက်ပေးလိုက်ပါ။
၂။ ဟဲဗီးခရင်မ်ကို လျှပ်စစ်မွှေစက်ဖြင့် အနှစ်များရလာအောင် မွှေပေးလိုက်ပါ။
၃။ ထို့နောက် ခရင်မ်နှင့် နို့ဆီအရောအနှောများကို သမအောင် ရောမွှေပေးလိုက်ပါ။
၄။ ထို့နောက် ရေခဲသေတ္တာထဲ အအေးခံထားသော လင်ဗန်းထဲသို့ မွှေထားသော ခရင်မ်အရောအနှောများကို ဖြန့်ကျက်ပြီး ထည့်ထားလိုက်ပါ။
၅။ ချောကလက် အတုံးအခဲလေးများကို ခရင်မ်ထဲထည့်ပြီး နှံ့စပ်သွားအောင် မွှေပေးလိုက်ပါ။ ပြီးမှ မျက်နှာပြင်များကို ညီညီညာညာဖြစ်သွားအောင် ဖြန့်ကျက်ပေးလိုက်ပါ။ တကယ်လို့ သစ်သီးလေးများ ထပ်ထည့်ချင်တယ်ဆိုရင်လည်း မိမိကြိုက်နှစ်သက်တဲ့ သစ်သီးတစ်မျိုးမျိုးကို ထည့်နိုင်ပါတယ်။
၆။ ပြီးမှ ရေခဲသေတ္တာအအေးခန်းထဲမှာ ၃ နာရီခန့် ထည့်ထားပြီး အအေးခံထားရပါမယ်။
ဒါဆိုရင်တော့ မိမိကြိုက်နှစ်သက်တဲ့အချိန်မှာ အရသာခံပြီး စားသုံးနိုင်တဲ့ နို့ ချောကလက် ရေခဲမုန့်လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။
ချယ်ရီသီးလေး မြှုပ်စားမယ်၊ ဝေဖာအနည်းငယ်ကိုပါ ထည့်စားမယ်ဆိုရင်တော့ အမြင်လည်းလှပြီး အရသာလည်း ပိုမိုကောင်းမွန်တဲ့ ရေခဲမုန့်လေးကို မြည်းစမ်းကြည့်နိုင်ပြီပေါ့။
Source: Thespruceeats.com