အပြင်မှာဝယ်သောက်နေကြတဲ့ Fata အချိုရည်ဘူး၊ Max Plus အချိုရည်ဘူး စတာတွေကို အသုံးပြုပြီး ရေခဲမုန့်ပြုလုပ်နိုင်မယ့် နည်းလမ်းကောင်းလေးကို မျှဝေပေးချင်ပါတယ်။ ပါဝင်ပစ္စည်းကလည်း သုံးမျိုးထဲဆိုတော့ လုပ်ရတာအဆင်ပြေသလို အရမ်းလည်းလွယ်ကူပါတယ်။ ရေခဲမုန့်ကြိုက်တဲ့သူတွေအတွက်တော့ ဒီနည်းလမ်းလေးက အရမ်းအဆင်ပြေစေပါတယ်။

ရေခဲမုန့်ပြုလုပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ Heavy Whipping Cream – ခွက် ၂ ခွက်စာ၊ နို့ဆီ – ၁ ဗူး၊ Fanta လိမ္မော်အချိုရည်နဲ့ လိမ္မော်ရောင် Food Color တို့ လိုအပ်ပါတယ်။ ဒီလေးမျိုးလုံးကို City Mart တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ Heavy Whipping Cream ဆိုရင် ဘူးလေးတွေနဲ့လာပါတယ်။

စတင်ပြုလုပ်ဖို့အတွက် ပန်းကန်လုံးအကြီးထဲကို Heavy Whipping Cream – ခွက် ၂ ခွက်စာထည့်ပြီး မွှေစက်နဲ့ပျစ်သွားတဲ့အထိ မွှေပေးပါ။ ပျစ်သွားပြီဆိုရင်တော့ နို့ဆီ – ၁ ဗူးကိုဖောက်ထည့်ပြီး ဇွန်းနဲ့မွှေပေးပါ။

နောက်ဆုံးအနေနဲ့ Fanta လိမ္မော်အချိုရည်ကို ဖန်ခွက်အကြီးတစ်ခွက်စာထည့်ပြီး မွှေပေးပါ။ လိမ္မော်ရောင် Food Color ကိုတော့ တစ်စက်လောက်ပဲ ထည့်ပြီး ထပ်မွှေပေးပါ။

သေချာမွှေပြီးသွားရင်တော့ ဘူးထဲထည့်ပြီး အဖုံးပိတ်ကာ ရေခဲသေတ္တာထဲမှာ ၈ နာရီကြာ ထည့်ထားလိုက်ပါ။

အချိန်ပြည့်လို့ ရေခဲသေတ္တာထဲကထုတ်တာနဲ့ ဇွန်းနဲ့ခပ်ပြီး အသင့်စားသုံးနိုင်တဲ့ ရေခဲမုန့်ကိုရရှိပါပြီ။ အချိုရည်နဲ့ပြုလုပ်ရတာဖြစ်လို့ အရသာလည်းကောင်းပြီး လုပ်ရတာလည်း လွယ်ကူပါတယ်။

Photo Source: www.yoyo.com