Oreo နဲ့ပတ်သတ်တာတွေဆိုရင် ကြိုက်တဲ့သူအရမ်းကို များပါတယ်။ ဒါကြောင့် Oreo ရေခဲမုန့်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ Oreo ကွတ်ကီးတွေရှိရုံနဲ့ အိမ်မှာအလွယ်တကူလုပ်စားလို့ရတာဖြစ်လို့ လူတိုင်းအတွက် လုပ်ရတာအဆင်ပြေစေမှာပါ။

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ Oreo ကွတ်ကီး – ၈ ခု၊ နို့ဆီ – ခွက်ရဲ့ သုံးပုံ ပုံ တစ်ပုံနဲ့ Whipping Cream – ၂ ခွက်တို့ လိုအပ်ပါတယ်။ Whipping Cream ကိုတော့ City Mart တွေမှာ အလွယ်တကူနဲ့ဝယ်ယူနိုင်ပါတယ်။

လုပ်ရမယ့်ပုံစံကတော့ Oreo ကွတ်ကီးတွေကို အိတ်တစ်ခုထဲထည့်ပြီး အမှုန့်ဖြစ်သွားတဲ့အထိ ထုချေပေးပါ။

နောက်တစ်ဆင့်အနေနဲ့ အိုးအသေးထဲကို Whipping Cream ထည့်ပြီး ပျစ်သွားတဲ့အထိမွှေပေးပါ။ ပြီးရင်တော့ နို့ဆီနဲ့ ခုနကချေထားတဲ့ Oreo ကွတ်ကီးအမှုန့်တွေကိုထည့်ပြီး အားလုံးကိုသမသွားအောင် ရောမွှေပေးပါ။

Source: www.youtube.com

သမအောင်မွှေပြီးသွားတာနဲ့ ဘူးထဲကိုထည့်ပြီး အဖုံးပိတ်ကာ ရေခဲသေတ္တာထဲမှာ ၆ နာရီကြာအောင် ထည့်ထားပေးပါ။

Source: www.youtube.com

အချိန်ပြည့်တာနဲ့ ကိုယ်လိုသလိုယူပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ Oreo ရေခဲမုန့်ကို ရရှိသွားပါပြီ။

Source: www.youtube.com

Source: www.youtube.com