ကိုယ်ကြိုက်နှစ်သက်တဲ့ မုန့်အချိုတွေ စားသုံးနေရင်းမှ သွားတွေပျက်စီးမှာကို သတိရတတ်ကြပါတယ်။ အချိုတွေကို အကန့်အသတ်နဲ့ စားတာဟာ သွားတွေပျက်စီးစေနိုင်တဲ့ သွားချေး (plaque) တွေ မဖြစ်ပေါ်အောင် တားဆီးပေးပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အမျိုးသား သွားကျန်းမာရေး သုတေသနဌာနက ပြုလုပ်ခဲ့တဲ့ အမျိုးသား ကျန်းမာရေးနဲ့ အာဟာရ စစ်ဆေးမှု သုတေသနအရ အမေရိကန်ပြည်ထောင်စုရဲ့ အသက် ၂၀ ကနေ ၆၄ နှစ်အတွင်း လူဦးရေရဲ့ ၉၂ ရာခိုင်နှုန်းက သွားပိုးစားနေကြတယ်လို့ ဆိုပါတယ်။

desserts-1571363_960_720

သွားပိုးစားမှုကို ကုသတဲ့ ကျန်းမာရေးစရိတ်ကလည်း ကျန်းမာရေး အာမခံသာ မရှိရင် ကုန်ကျမှု မြင့်မားပါတယ်။

သွားပိုးစားတာနဲ့ ပတ်သက်တဲ့ ကုသမှုကို အမေရိကန်ပြည်ထောင်စုမှာ ကုသရင် အနည်းဆုံး ဒေါ်လာ ၁၀၀ ကနေ အခြေအနေအပေါ်မူတည်ပြီး ဒေါ်လာ ၁၀၀၀၊ ၂၀၀၀ လောက်ကုန်ကျတတ်ပါတယ်။

ဒါကြောင့် သွားကို ငယ်စဉ်ကတည်းက သေချာ ဂရုမစိုက်ဘဲ အချိုတွေ အများကြီးစားရင် ကိုယ့်ဘဝတစ်လျှောက်လုံး သွားကျန်းမာရေး ကုန်ကျစရိတ်တွေ ရှိနေမှာဖြစ်ပါတယ်။

Dental_Caries_Cavity_2

သွားပိုးစားခြင်း

အချိုတွေ အလွန်အကျွံစားသုံးရင် ခံတွင်း သန့်ရှင်းမှုကို ထိခိုက်စေပြီး သွားတွေ ပြင်းပြင်းထန်ထန် ပျက်စီးစေပါတယ်။ သွားရဲ့ အမာဆုံးနဲ့ အပြင်ပိုင်းဖြစ်တဲ့ သွား ကြွေလွှာက သွားချေးတွေ၊ သွားဂျိုးတွေ ဖြစ်ပေါ်လာတာကြောင့် ပျက်စီးသွားကာ သွားအခေါင်းပေါက်ဖြစ်လာတယ်လို့ အမေရိကန် သွားကျန်းမာရေးအဖွဲ့ရဲ့ Mouthhealthy.org မှာ ရေးသားထားပါတယ်။ သကြားဓာတ်ပါတဲ့ အစားအစာတွေနဲ့ ဖျော်ရည်တွေကနေ ဖြစ်ပေါ်လာတဲ့ အက်ဆစ်ဓာတ်တွေကြောင့် သွားချေးတွေ၊ သွားဂျိုးတွေက သွားကြွေလွှာကို တဖြည်းဖြည်း ပျက်စီးစေပြီး သွားအခေါင်းပေါက်တွေ ဖြစ်ပေါ်စေပါတယ်။

သွားပိုးစားတာကို ကာကွယ်ပေးနိုင်တဲ့ အစားအစာများ

Cheese

ချိစ်(Cheese)

နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ချိစ် (Cheese) တွေက ခံတွင်း ကျန်းမာရေးအတွက် ကောင်းမွန်ပြီး သွားအခေါင်းပေါက်တွေဖြစ်ကာ သွားပိုးစားတာကိုလည်း ကာကွယ်ပေးပါတယ်။ သွားကျန်းမာရေး ဂျာနယ်တစ်ခုဖြစ်တဲ့ General Dentistry ဂျာနယ်က လေ့လာမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အရွယ် ကလေး ၆၈ ယောက်ရဲ့ သွားချေးလွှာ တွေကို မှတ်တမ်းယူထားပါတယ်။ ချိစ်တွေ စားသုံးတဲ့သူတွေနဲ့ ၊ နွားနို့၊ သကြားမပါတဲ့ ဒိန်ချဉ် တို့ကို စားသုံးတဲ့သူတွေဆိုပြီး ခွဲခြားလေ့လာမှု ပြုလုပ်ခဲ့ပါတယ်။  မိနစ် ၃၀ အကြာမှာတော့ ချိစ် စားတာဟာ နို့တို့ ဒိန်ချဉ်တို့ သောက်တာထက် သွားအခေါင်းပေါက်ဖြစ်နိုင်ချေ ပိုနည်းပြီး သွားကြွေလွှာတွေနဲ့သွားတွေကို ပိုခိုင်မာစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။

Apple_Display

ပန်းသီး

တစ်နေ့ကို ပန်းသီး ၁ လုံးစားရင် သွားပျက်စီးတာကို ကာကွယ်ပေးပါတယ်။ ပန်းသီးမှာ သဘာဝအချိုဓာတ်ပါဝင်ပေမယ့် အရည်ရွှမ်းတဲ့အသီးဖြစ်လို့ သွားတွေကို သန့်စင်ပေးနိုင်ပါတယ်။

chewing-gum-2153922_960_720

သကြား မပါတဲ့ ပီကေ

သကြားပါတဲ့ ပီကေတွေက သွားပိုးစားမှုကို ဖြစ်စေပေမယ့် သကြားမပါတဲ့ သဘာဝအချိုဓာတ် (Xylitol) ပါတဲ့ ပီကေတွေဟာ သွားပိုးစားခြင်းကို ကာကွယ်ပေးပါတယ်။ Xylitol က သကြား အစားထိုး အချိုတစ်မျိုးဖြစ်ပြီး ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားနဲ့ သွားပိုးစားခြင်းကို ကာကွယ်ပေးပါတယ်။ သကြားအစားထိုး ပစ္စည်းတွေက သွားပိုးစားခြင်းကို ကာကွယ်ပေးတယ်လို့ သွားကျန်းမာရေးဂျာနယ်တစ်ခုဖြစ်တဲ့ Dental Education မှာ ရေးသားထားပါတယ်။

 

Green_tea_1

Green Tea နဲ့ ရေနွေးကြမ်း

သကြားပါဝင်တဲ့ အစားအစာတွေ စားသုံးပြီးရင် Green Tea နဲ့ ရေနွေးကြမ်း တစ်မျိုးမျိုးကို သောက်ပေးပါ။ အဲ့ဒီ Green Tea နဲ့ ရေနွေးကြမ်း တို့က သွားပိုးစားခြင်းကို ဖြစ်စေတဲ့ သွားချေးတွဖြစ်ပေါ်မှုကို လျှော့ချပေးပြီး ဘက်တီးရီးယား ပိုးမွှားတွေကို သေစေနိုင်ပါတယ်။

wine-690299_960_720

ဝိုင်

ဝိုင်နှစ်သက်သူတွေအတွက်တော့ သတင်းကောင်းပါဘဲ။ ချောကလက်တွေ အများကြီး စားပြီးရင် ဝိုင်တစ်ခွက်သောက်လိုက်ပါ။ ဝိုင်က ပါးစပ်ထဲက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး သွားပိုးစားခြင်းကို ကာကွယ်ပေးပါတယ်။ ဝိုင်အနီမှာပါဝင်တဲ့ proanthocyanidins က သွားကျန်းမာရေးအတွက်ကောင်းပါတယ်။ ဒါတွေအပြင်မိုက်ခရိုကယ်လ်ဆီယမ်နဲ့ဖလိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ် ညတစ်ကြိမ်သွားတိုက်ပေးခြင်းကလည်း သွားပိုးပေါက်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

SignalKV

[/message]