ကိတ်မုန့်လုပ်တော့မယ်ဆိုရင် မုန့်ဖုတ်စက်တို့ Oven တို့ရှိမှ လုပ်လို့ရတာများတော့ အလုပ်ရှုပ်တယ်ဆိုပြီး တော်တော်များများက ကိုယ့်ဘာသာကိုယ် အိမ်မှာ မလုပ်စားဖြစ်တော့ပါဘူး။ ဒါကြောင့် ဒီတစ်ခါမှာ ကိတ်ကြိုက်တဲ့သူတွေအတွက် မုန့်ဖုတ်စက်တွေ၊ Oven တွေမလိုပဲ အလွယ်ကူဆုံးနည်းလမ်းနဲ့ အိမ်မှာ ကိုယ်တိုင်လုပ်စားလို့ရမယ့် ကန်စွန်းဥကိတ်လုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ကန်စွန်းဥအလုံးကြီးတစ်လုံးကို အခွံခွာ၊ မထူမပါးလေးတွေလှီးပြီး ပြုတ်ပေးပါ။

ပြုတ်ပြီးသွားပြီဆိုရင် ကျေညက်သွားအောင် ချေပေးပါ။

ကျေညက်အောင်ချေပြီးရင် သကြား – စားပွဲတင်ဇွန်း ၅ ဇွန်းနဲ့ Heavy Cream – ၈၀ ဂရမ်ထည့်ပြီး သမအောင်နယ်ပေးပါ။

နူးညံ့တဲ့ကိတ်မုန့်အလွတ်ကို ဝယ်ထားပါ။ ကိတ်ကို ကိုယ့်ဘာသာကိုယ် ဖုတ်မှာမဟုတ်တဲ့အတွက် ကိတ်သားကောင်းတာလေးကို ဝယ်ထားပြီး ပုံမှာပြထားတဲ့အတိုင်း မထူမပါးလေးလှီးကာ အဝိုင်းပုံလေးရအောင် ခွက်နဲ့ ပုံဖော်ပေးရပါမယ်။

၃ ထပ်လောက်ပဲလုပ်မှာမို့ ၃ ချပ်ဆိုရပါပြီ။ လှီးထားတဲ့ ကိတ်အချပ်လေးတွေမှာ ခုနကနယ်ထားတဲ့ ကန်စွန်းဥတွေကို များများလေးသုတ်ပေးပါ။ ပြီးရင်တော့ တစ်ခုနဲ့တစ်ခု ထပ်လိုက်ပါ။

အသင့်စားဖို့ Whipping Cream တွေ ရောင်းပါတယ်။ အဲ့ဒီ Whipping Cream ကိုဝယ်ပြီး ကိတ်ဘေးပတ်ပတ်လည်နဲ့ အပေါ်ဘက်မှာ သုတ်ပေးပါမယ်။ ညီသွားအောင် ကိတ်ထည့်ထားတဲ့ ပန်းကန်ကိုလှည့်ပေးပြီး ဇွန်းပြားလေး (သို့) ဓားနဲ့ လိုက်ညှိပေးပါ။

သေချာညီအောင်ညှိုပြီးရင်တော့ ကျန်တဲ့ ကိတ်မှုန့်လေးတွေကို ဇကာနဲ့ ချေပြီး စစ်ချပြီး အပေါ်မှာ ဖြူးပေးပါ။
လှလှလေးဖြစ်သွားအောင် အပေါ်မှာ အသီးတစ်ခုခုတင်ပြီး အလှဆင်ပေးပါ။

ဒါဆိုရင်တော့ ကိုယ်တိုင်လုပ်ထားတဲ့ ပြင်ဆင်ထားတဲ့ ကန်စွန်းဥကိတ်ကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။

Source: www.deliciousday