ပီဇာကြိုက်တဲ့သူတွေနဲ့ အာလူးကြိုက်တဲ့သူတွေအတွက် မုန့်ဖုတ်စက်မလို၊ ဂျုံမှုန့်လည်းမလိုပဲ အရသာရှိတဲ့ အာလူးပီဇာ အလွယ်ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

အာလူးပီဇာလုပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းကလည်း အာလူး – အလုံးကြီး ၂ လုံး၊ ချိစ် – တစ်ထုပ်၊ ကြက်ဥချောင်း (Sausage) – ၆ ချောင်းနဲ့ Ketchup ဆော့စ် ပဲလိုပါတယ်။

အာလူးကို ပါးပါးလေးတွေလှီးပြီးရင် အချောင်းသေးသေးမျှင်မျှင်လေးတွေ လှီးပါ။ ပြီးတာနဲ့ ရေဆေးပြီး ဆားနဲ့နယ်ထားပါ။

ကြက်ဥချောင်း (Sausage) တွေကိုလည်း ပါးပါးလေးတွေ လှီးထားပါ။

ဒယ်အိုးအပြားထဲကို ဆီထည့်ပြီး ခုနက လှီးပြီးနယ်ထားတဲ့ အာလူးတွေ အကုန်ထည့်ကာ ဖိချပြီး အဖုံးအုပ်ထားပါ။

ရလောက်ပြီဆိုရင် တစ်ဖက်ကိုလှန်ပါမယ်။ ပုံမပျက်ပဲ အဲ့အတိုင်းရအောင် လှန်ရပါမယ်။

လှန်ပြီးရင် Ketchup ဆော့စ်တွေ သုတ်ပေးပါ။ ပြီးရင် အပေါ်ကနေ လှီးထားတဲ့ ကြက်ဥချောင်းတွေ တင်ပေးပါ။
ကြက်သွန်မြိတ်ကြိုက်ရင် ပါးပါးလေးတွေလှီးပြီး ဖြူးပါ။ ပြီးရင်တော့ အပေါ်ကနေ ချိစ်တွေ များများသာတင်ပေးပြီး အဖုံးအုပ်ထားပါ။

ချိစ်တွေပျော်သွားရင်တော့ ပန်းကန်ထဲထည့်ပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ အာလူးပီဇာကို ရရှိသွားပါပြီ။

Source:www.onemealaday