မိခင်များနေ့မှာ ခြံထဲက သရက်ပင်က သီးတဲ့ သရက်သီးစိမ်းကို ပေါက်ပြီး ပဲကြာဇံ နဲ့ ရူးရှဲဖြစ်အောင် သုတ်ပြီး လဖက်ရည်ကြမ်းလေး နဲ့ ကျေးဇူးရှင် မွေးမိခင်ကို သုတ်ကျွေးလိုက်ပါတယ် ။  စားလိုက်တာ ၊ စားကောင်းလွန်းလို့ သုတ်နည်းလေးကို မျှဝေလိုက်ပါတယ် ။

ပါဝင်ပစ္စည်း

  • ပဲကြာဇံ
  • သရက်သီး
  • ကြက်သွန်နီ
  • ကြက်သွန်နီဆီချက်
  • ငပိကင်
  • ပုဇွန်ခြောက်မှုန့်
  • ရှောက်ရွက်
  • နံနံပင်
  • ကြက်သွန်မိတ်
  • ငရုတ်သီးမှုန့်
  • သကြား အနည်းငယ်
  • ဆား
  • ကြက်သွန်ဖြူ
  • ဆလတ်ရွက်
  • သခွားသီး
  • ငရုတ်သီးစိမ်း

ပြင်ဆင်ပြုလုပ်နည်း

  1. ပဲကြာဇံကို ရေစိမ်ထားပါ ။ ပြီးလျင် ဆူသော ရေနွေးကို စိမ်ထားသည့် ပဲကြာဇံပေါ်ကို လောင်းလိုက်ပြီး ပဲကြာဇံနူးမှ ရေမျာသွန်ပြီး စစ်ထားပါ ။
  2. သရက်သီးကို အခွံခွာပြီး ဓါးနဲ့ ပေါက်ထားပြီး ရေစိမ်ထားပါ ။
  3. ကြက်သွန်နီကို ပါးပါးလှီးပြီး အချို့တဝက်ကို ရေစိမ်ထားပါ ။ အချို့တဝက်ကို ကြက်သွန်နီကြော် နှင့် ဆီချက် ချက်ပါ ။
  4. ငပိကို မိုက်ခရိုဝေ့ ထဲတွင် မိနစ်ဝက်ခန့်ထည့်၍ ကင်ပါ ။
  5. ရှောက်ရွက် ၊  နံနံပင်၊  ကြက်သွန်မိတ်တို့ကို ပါးပါးလှီးထားပါ။
  6. စားခါနီးတွင် ကြာဇံ ၊  ပေါက်ထားသော သရက်သီး ၊ ပါးပါးလှီးထားသော ကြက်သွန်နီ ၊  ငပိကင် ၊  ပုဇွန်ခြောက်မှုန့် ၊  ၊ နံနံပင် ၊ ကြက်သွန်မိတ် ၊  သကြား အနည်းငယ် ၊ ကြက်သွန်နီ ဆီချက် ၊ ဆား နှင့် ငရုတ်သီးမှုန့် တို့ကို ထည့်၍နှံ့အောင် နယ်ပါ ။
  7. အပေါ့ အငန်မြည်း၍မိမိ နှစ်သက်ရာ အရသာရလျင် အသုတ်၏ အပေါ်မှ ရှောက်ရွက် နှင့်  ကြက်သွန်နီကြော် ဖြူး၍
  8. သုံးဆောင်နိုင်ပါသည် ။
  9. ကြက်သွန်ဖြူ ၊ ဆလတ်ရွက် ၊ သခွားသီး နှင့် ငရုတ်သီးစိမ်း တို့ကို အသုတ် နှင့်  တွဲဖက်၍ စားနိုင်ပါသည် ။

MyFood Myanmar