ညနေခင်းအစာပြေ မယ်ဥုံလက်ရာ ဘဲပေါင်းကော်ရည်ခေါက်ဆွဲ အားပေးပါအုန်းနော်။
ပါဝင်ပစ္စည်းများ
- ဘဲသား – ၅၀သား
- ကြက်သွန်ဖြူ
- ဂျင်း
- ကြာညို့
- ခေါက်ဆွဲ – ၅၀သား
- ပဲတီပင်ပေါက် – ၂၅သား
- ကြက်သွန်မိတ် – ပါးပါးလှီး
- ကြက်သွန်ဖြူကြော် – အနည်းငယ် (မညက်တညက်ထုထားပါ)
- ရှီတာကဲမှိုခြောက်
- ပဲလိပ် – ၅ကျပ်သား
- ဘဲဥ – ၃လုံး
- တုံတုံ ငပိထောင်း
- သံပုရာသီး
- မွှေးကော်မှုန့်
ပြင်ဆင်ပြုလုပ်နည်း
- ဘဲသားပြုတ်အိုးထဲကို ရေထပ်ထည့်ပြီး ကြက်သွန်ဖြူ ၊ ကြက်သွန်နီနုတ်နုတ်စင်းပြီး ထည့်ပါ ။
- သကြား ၊ ကြက်သားမှုန့် ၊ ဆား ၊ ကြာညို့ ၊ ခရုဆီ ၊ ငြုတ်ကောင်းမှုန့် ၊ မှို ၊ ပဲလိပ် ၊ ဘဲသားတို့ထည့်ပြီး ဆူအောင်တည်ပါ ။
- ဆူလာရင် ဘဲဥအနှစ် လုံးထည့် ၊ အကာရည်ကို ခလောက်ပြီး ဖြန်းထည့်ပါ ။ မလိုင်ဖတ်တွေလို တက်လာလိမ့်မယ် ။ ကော်ရည်ဖျော်တာ ထည့်ပါ ။ ပျစ်ပျစ်သောက်ချင်ရင် များများထည့်ပါ ။
- အရသာ ပေါ့ငန်မြည်းပြီး ဘွမ်းဘွမ်းဆူရင် ဘဲပေါင်းကော်ရည် အရည် ရပါပြီ ။
ပွဲပြင်ရင်… စားမည့်ပုဂံလုံးထဲကို ခေါက်ဆွဲထည့် အပေါ်က ဘဲပေါင်းကော်ရည်ပူပူလောင်း ကြက်သွန်ဖြူကြော် ကြက်သွန်မိတ် ဖြူးပြီး ငပိထောင်း ၊ သံပုရာရည်ညှစ်ပြီး ပူပူလောလော ရှုးရှဲရှုးရှဲနဲ့ စားလို့အလွန်ကောင်းပါတယ်။ ကဇွန်းရွက်ကြိုက်ရင် စိမ်းစိမ်းလေးပြုတ်ပြီး ထည့်စားပါ ။ ငပိထောင်းက ကိုယ့်ဘာသာထောင်းတာဆို ပိုကောင်းပါတယ် ။ အဓိက ကော်ရည်က ပူနေရပါမယ်
Credit: Ohnmar Kyi