အားလုံးပဲမင်္ဂလာပါနော်။ ဂျုံခေါက်ဆွဲကို အားလုံးကြိုက်ကြမယ်လို့ယုံကြည်ပါတယ်။ ထမင်းမစားချင်တဲ့အခါ စားလို့အဆင်ပြေပြီးအရသာရှိတဲ့ ဂျုံခေါက်ဆွဲကြော်ကြော်စားလို့ရအောင် မျှဝေပေးချင်ပါတယ်နော်။

ပြုလုပ်နည်း

  • ဂျုံခေါက်ဆွဲ ၂ ယောက်စာ
  • ငရုတ်သီးအစိမ်း အနည်းငယ်
  • ငရုတ်ပွသီး ၁ တောင့် (လှီးပေးထားပါ)
  • ကြက်သွန်ဖြူ ၄ မွှာခန့်(တောက်တောက်စဉ်းပါ)
  • ကြက်သွန်နီ အသေး တစ်ဥ (ပါးပါးလှီးပါ)

  • ကြက်သွန်မြိတ် အနည်းငယ် (ပါးပါးလှီးပါ))
  • မုန်လာဥနီတစ်ခြမ်း (အခွံနွှာပြီး ပါးပါးလှီးပါ)
  • ဂေါ်ဖီအနည်းငယ် (ပါးပါးလှီးပါ)
  • ပန်းဂေါ်ဖီအနည်းငယ်
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခရမ်းချဉ်သီး ဆော့လ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဆီ အနည်းငယ်
  • ဆား

ပြုလုပ်နည်း

အရင်ဆုံး ရေ (၄) ခွက်လောက်ကို ပွက်ပွက်ဆူအောင်တည်လိုက်ပါ။ ခေါက်ဆွဲထည့်ပြီး ခေါက်ဆွဲကို ပြုတ်ပါ။ အရမ်းလည်းမပျော့၊ အရမ်းလည်းမမာအောင်ပြုတ်ပေးပါ။

ရရင်ရေဆစ်ပေးလိုက်ပြီး ရေအေးအေးနဲ့ ဆေးလိုက်ပါ။

ပြီးရင်တော့ အိုးထဲကို ဆီထည့်လိုက်ပြီး၊ ကြက်သွန်မြိတ်၊ ငရုတ်သီးအစိမ်းတို့ကို ကြော်လိုက်ပါ။

လှီးထားတဲ့အသီးအရွက်တွေကိုလည်း ထည့်ကြော်ပါ။ ဆားနဲ့ ငရုတ်ကောင်းမှုန့်ထည့်လိုက်ပါ။

ပြီးရင်သေချာမွှေပေးလိုက်ပြီး ခေါက်ဆွဲထည့်ပေးလိုက်ပါ။ ပဲငံပြာရည်နဲ့ ဆားနည်းနည်းထပ်ထည့်ပါ။

အဲဒီနောက်သေချာမွှေပေးလိုက်ပြီး ခရမ်းချဉ်သီးဆော့စ်ထည့်ပေးပါ။

အသီးအရွက် ဂျုံခေါက်ဆွဲကြော်

သေချာမွှေပေးလိုက်ပါ။ ဒါဆိုရင်တော့ ရပါပြီနော်။

Souce: www.tasty-china-recipes.com

By: MyFood Myanmar