အားလုံးပဲ မင်္ဂလာပါ။ ခေါက်ဆွဲချစ်သူတွေရော ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူတွေပါ ခံတွင်းတွေ့စေမယ့် ပဲခေါက်ဆွဲပြုလုပ်နည်းကို MyFood Myanmar ကနေ ဝေမျှပေးသွားချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲ ပန်းကန်လုံးတစ်လုံးစာ
  • ဝက်သား သုံးထပ်သား ဝ.၅ ပေါင်
  • မုန်လာဥဖြူ တစ်ဝက်
  • အာလူး ၃ လုံး (အခွံခွာထားပြီး လက်မဝက်ကုဗတုံး တုံးထားပါ)
  • ကြက်သွန်နီ အကြီး ၁ ဥ

  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပဲပိစပ်အနှစ် စားပွဲတင်ဇွန်း ၅ ဇွန်း
  • အာလူးမှုန့်အရည် (Potato Starch စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၄ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် ရောနှောထားလိုက်ပါ)
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သခွားသီး တစ်ဝက် (အချောင်းလိုက် ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သား၊ မုန်လာဥဖြူ၊ အာလူးနှင့် မုန်လာဥနီတို့ကို အရွယ်အစားတူအောင် လက်မဝက်ကုဗတုံးပုံသဏ္ဍာန်ဖြင့် လှီးဖြတ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ထို့နောက် ဝက်သားများထည့်ပြီး ၄ မိနစ်၊  မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ ဝက်သားများ ရွှေညိုရောင် ပြောင်းသွားပါက ဝက်သားတုံးများကို ဝက်သားအဆီများကို ပန်းကန်ထဲတွင် သပ်သပ်ဖယ်ထည့်ထားလိုက်ပါ။

၃။ မုန်လာဥဖြူထည့်ပြီး ၁ မိနစ်ခန့်ကြော်ပါ။ ထို့နောက် အာလူးနှင့် ကြက်သွန်နီတို့ထည့်ပြီး ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၄။ ထို့နောက် ဒယ်အိုးထဲသို့ ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီးနောက် ပဲပိစပ်အနှစ် စားပွဲတင်ဇွန်း ၅ ဇွန်းထည့်ကာ တစ်မိနစ်ခန့် သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ရေ ၅၀၀ မီလီလီတာထည့်ကာ အိုးအဖုံးအုပ်ထားပြီးနောက် ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။

၅။ ဆယ်မိနစ်ပြည့်ပါက အာလူးနှင့် မုန်လာဥတို့ကို အနည်းငယ်ယူပြီး အရသာမြည်းစမ်းကြည့်လိုက်ပါ။ အာလူးနှင့် မုန်လာဥများ ကျက်သွားပါက အာလူးမှုန့်အရည်များ နည်းနည်းချင်းစီ လောင်းထည့်ပြီး သမအောင် မွှေပေးရပါမယ်။

၆။ အာလူးမှုန့်အရည်များ ပျစ်သွားသည်အထိ မွှေပြီးတဲ့နောက်မှာတော့ နှမ်းဆီ ထည့်ကာ မီးဖိုပေါ်ကချလိုက်လို့ရပါပြီ။

ရရှိလာတဲ့ အာလူး ပဲပိစပ်အနှစ်များကို ခေါက်ဆွဲပေါ် ဆမ်းထည့်လိုက်ပါ။ သခွားသီး အနည်းငယ် ထည့်ပြီးတဲ့နောက်မှာတော့ သမအောင် မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲခေါက်ဆွဲတစ်ပွဲ ရရှိသွားပါပြီ။ အားရပါးရ သုံးဆောင်လိုက်ပါ။

ခေါက်ဆွဲနဲ့ တွဲမစားချင်ဘူးဆိုရင်တော့ ထမင်းနဲ့ ရောနယ်ပြီး ပဲထမင်းအဖြစ် စားသုံးနိုင်ပါသေးတယ်။

Source: Maangchi.com