အားလုံးပဲ မင်္ဂလာပါ။ အသားညှပ် ဆင်းဒဝှစ်ချ်ကိုပဲ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အသားမပါပေမယ့် အရသာရှိတဲ့ ချောကလက် ဆင်းဒဝှဒ်ချ် ပြင်ဆင်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့် ၂ ချပ်
  • Nutella ချောကလက်အနှစ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်ဥ ၂ လုံး
  • နွားနို့ ၅၀ မီလီလီတာ
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဆားအနည်းငယ်
  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပေါင်မုန့် ၁ ချပ်ရဲ့ အလယ်ဗဟိုတည့်တည့်ကို ဇွန်းဖြင့် ချိုင့်ဝင်သွားအောင် ဖိချလိုက်ပါ။

၂။ ထိုချိုင့်ဝင်သွားသော နေရာထဲသို့ ချောကလက်အနှစ်များ လောင်းထည့်လိုက်ပါ။

၃။ ထို့နောက် အခြားပေါင်မုန့်ချပ်ဖြင့် ပူးကပ်လိုက်ပါ။

၄။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥ ၃ လုံးဖောက်ထည့်ပါ။ နွားနို့နှင့် ဆားတို့ထည့်ကာ သမအောင် ရောမွှေပါ။

၅။ ပူးကပ်ထားသော ပေါင်မုန့်နှစ်ချပ်ကို ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။

၆။ ဒယ်အိုးကို အပူပေးပြီး ထောပတ်များ အရည်ဖျော်လိုက်ပါ။ ထောပတ်များ အရည်ပျော်သွားပါက ပေါင်မုန့်ချပ်များထည့်ကာ အညိုဖျော့ရောင်ပြောင်းသွားသည်အထိ ဟိုဘက်ဒီဘက်လှန်ကာ မီးကင်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချောကလက် ဆင်းဒဝှစ်ချ်လေး ရရှိသွားပါပြီ။

ငှက်ပျောသီး၊ ရေခဲမုန့်တို့နှင့် တွဲဖက်စားသုံးပါက အင်မတန်လိုက်ဖက်မှုရှိပါတယ်။

Source: Cookat