မိမိအိမ်မှာ Nutella တစ်ဘူး ရှိရုံနဲ့ ချောကလက်ရေခဲမုန့် လုပ်စားချင်တာလား။ ချောကလက်ဖျော်ရည်အေးအေးလေး (သို့) ချောကလက်ဖျော်ရည်ပူပူနွေးနွေးလေး သောက်ချင်တာလား။ အချိန်မရွေး မိမိစိတ်ကြိုက် လုပ်စားနိုင်ပါတယ်။

ချောကလက်ပူ ဘယ်လိုဖျော်ရမလဲဆိုတာကို မသိသေးသူများအတွက် Hot Chocolate အလွယ်ဖျော်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နွားနို့ ၅၀၀ မီလီလီတာ
  • ကိုးကိုးမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • Nutella စားပွဲတင်ဇွန်း ၄ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးမတူးသော ဒယ်အိုးကို အပူပေးထားပါ။ ထို့နောက် နွားနို့၊ သကြားနှင့် Nutella တို့ကို ဒယ်အိုးထဲထည့်ကာ သမအောင် ရောမွှေပါ။

ရိုးရိုးဇွန်းနဲ့ မွှေမယ့်အစား ကြက်ဥ ခလောက်သော ဇွန်းဖြင့် မွှေပေးပါက ပိုအဆင်ပြေပါတယ်။

၂။ (၃) မိနစ်၊ (၄) မိနစ်ခန့် တည်ပြီးသွားပါက ဖန်ခွက်ထဲသို့ ပြောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ Hot Chocolate ပူပူလေးတစ်ခွက် ရရှိသွားပါပြီ။

Marshmallow (သို့) ခရင်မ်အနည်းငယ်ကို Hot Chocolate ထဲ အလှဆင်ပြီး အရသာရှိရှိ သောက်သုံးနိုင်ပါတယ်။

Source: Kirbiecravings.com