အားလုံးပဲမင်္ဂလာပါနော်။ ကြက်ခြေထောက်စွပ်ပြုတ်လေး လုပ်စားရအောင်။
ပါဝင်ပစ္စည်း
- မြေပဲ ၁၀၀ ဂရမ်
- ကြက်ခြေထောက် ၅၀၀ ဂရမ်
- ဂျင်း အနည်းငယ်
- ဝိုင်အနည်းငယ်
- ဆားအနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး မြေပဲကို ရနွေးလေးနဲ့ မိနစ် ၃၀ လောက်စိမ်ထားလိုက်ပါ။
ကြက်ခြေထောက်ကို ခြေသည်းလေးတွေကို သေချာလှီးဖြတ်ပေးလိုက်ပြီး သေချာသန့်ရှင်းရေးလုပ်ပေးပါ။
ပြီးရင်တော့ ရေကို ဆူအောင်တည်လိုက်ပြီး ကြက်ခြေထောက်ကို ပြုတ်ပေးလိုက်ပါ။ ဝိုင်ကိုလည်း နည်းနည်းထည့်လိုက်ပါ။
ဆူလာပြီဆိုရင်တော့ ရေဆစ်ချလိုက်ပါ။
အိုးထဲကို ရေနည်းနည်းထပ်ထည့်လိုက်ပြီး ကြက်ခြေထောက်၊ ဂျင်းထည့်လိုက်ပါ။
ရေနွေးဆူလာရင် မြေပဲထည့်ပါ။ပွက်ပွက်ဆူလာရင်တော့ မီးကိုလျှော့လိုက်ပြီး မီးအေးအေးနဲ့ ၂ နာရီလောက် ထားထားပါ။
ဆားနည်းနည်းထည့်ပြီး ၅ မိနစ်လောက် ထပ်ပြုတ်ပေးလိုက်ရင် သုံးဆောင်လို့ရပါပြီနော်။
Source: www.yumofchina.com
By: MyFood Myanmar