ဝက်သားဆီပြန်ဟင်းကို ဘယ်လိုအရသာရှိအောင်ချက်ရမလဲလို့ မေးထားကြတဲ့ သူငယ်ချင်းများအတွက် ချက်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်သား သုံးထပ်သား၊ ဝက်အူ
- မကျည်းသီးမှည့်
- ဆား၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်
- ငရုပ်ပုသီး၊ ဂျင်း၊ ကြက်သွန်နီ/ဖြူ
- မျှင်ငပိ အနည်းငယ်၊ နံနံပင် နှင့် ရှမ်းနံနံ
ပြင်ဆင် ပြုလုပ်နည်း
ဝက်သား သုံးထပ်သားနဲ့ ဝက်အူကို ရောချက်ပါတယ်။ ဝက်အူကို မကျည်း အနှစ်နဲ့ ဆားကြမ်း တို့ဖြင့် စင်ကြယ်စွာ ပွတ်ဆေးပြီး သုံးထပ်သားနဲ့ အတူ အနေ တော် ပိုင်းဖြတ်ထားပြီး ဆား၊ နနနွင်းမှုန့်၊ ဟင်းခတ်မှူန့် တို့ဖြင့် ရောနယ်ထားပါ။
ငရုပ်ပုသီး၊ ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ရောထောင်းထားပါ။ မျှင်ငါးပိ လက်ဖက်စားဇွန်း တစ်ဇွန်းခန့် ထည့်ထောင်းထားပါ။ မကျည်းသီး မှည့်ကို စိမ်ထားပါ။
နံနံပင်နဲ့ ရှမ်းနံနံ ဆေးကြောထားပါ။ ဒယ်အိုးထဲ ဆီထည့်ပြီး ငရုပ်သီး အနှစ်များ ဆီသတ်ပါ။ နနွင်းမှူန့်၊ မဆလာ အနည်းငယ် ထည့်နိုင်ပါတယ်။
ပြီးရင် ဝက်သား ထည့်ကြော်ပါ။ ရေခန်းတဲ့ထိ ကြော်ပြီး ဆုံဆေးရည်နဲ့ အတူ ဝက်သားကို မြုပ်တဲ့ထိ ထည့်ပြီး အဖုံးအုပ်ကာ တည်ထားပြီး ရေခန်းခါနီး မကျည်းမှည့်ရည် ထည့်ပြီး ဆီပြန်တဲ့ထိထားပါ။ အပေါ့အငံ မြည်းပြီး စင်ကြယ်အောင် ဆေးထားသော နံနံပင် နဲ့ ရှမ်းနံနံအုပ်၍ စားသုံးနိုင်ပါပြီ။
မှတ်ချက်။ ။ တောဝက်သား ဆိုပါက နှစ်ရေလောက် ခန်းအောင် ချက်ရပါတယ်။
Credit: Thida Lay Lay