မင်္ဂလာပါ။ ပုံမှန်ဆိုရင် အလုပ်တွေမအားလို့ အချိန်မရှိတဲ့အချိန်တွေမှာ ဘဲဥကိုကြော်စားတတ်တာက များပါတယ်။ တခါတလေ အပြောင်းအလဲလေးချက်ချင်တယ်ဆိုရင်တော့ ဘဲဥချဉ်ရည်ချက်လေးနဲ့ ချက်ကြည့်ကြည့်ပါ။ ထမင်းမြိန်မှာအသေအချာပါပဲ။

ပါဝင်ပစ္စည်းများ

  • ဘဲဥ ၅လုံး
  • အာလူး ၃လုံး
  • ရုံးပတီးသီး ၅တောင့်
  • ခရမ်းချဉ်သီး ၂လုံး(ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၂လုံး (ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ ၄မွှာ(နုတ်၂စင်းထားပါ)
  • မကျည်းသီး အနည်းငယ်
  • မဆလာ၊ ငံပြာရည်၊ ကြက်သားမှုန့်
  • ပျဉ်းတော်သိမ်၊ ငရုတ်သီးစိမ်း၊ နံနံပင်
  • နနွင်း၊ ငရုတ်ပု၊ ဆီ၊ ဆား

ပြင်ဆင်ပြုလုပ်နည်း

ဘဲဥကို ပြုတ် ရရင် အခွံခွာပြီး ဓားနှင့်ပတ်ပတ်လည် မွှန်းပါ။ အာလူးကို အခွံခွာ ရေဆေးပြီး အပေါ်တင်းရုံ ကြော်ထားပါ။

မန်ကျည်းသီးကိုရေဆေးရေစိမ်ထားပါ။ ရုံးပတီးသီးကို ရေဆေးထားပါ။ ကြက်သွန်နီ၊ဖြူ နှင့် ငရုတ်ပု ကိုထောင်းထားပါ။

ဒယ်အိုးတစ်လုံး တည်းပြီး ဆီအနည်းငယ်ထည့်၍ ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီတို့ကို နနွင်းအနည်းငယ်နှင့်ဆီသတ်ပြီး မဆလာ၊ ပျဉ်းတော်သိမ်ထည့်ပါ။ ခရမ်းချဉ်သီးထည့်ပါ။ ရေအနည်းငယ်ထည့်၍ ကြေအောင် မွှေပါ။ ရလျှင် ဘဲဥ အားလူး ထည့်ပါ။ ငံပြာရည် ကြက်သားမှုန့် ထည့်ပါ။

ရေထည့်၍တည်ထားပါ။ ဆူလာပြီးအားလူးနူးလျှင် မန်းကျည်းရည်ထည့်ပါ၊ အရသာ စိတ်ကြိုက်ပြင်ပါ။ ရုံးပတီးသီး ညှပ်ထည့်ပါ။ ခဏနေလျှင် ငရုတ်သီးစိမ်း နံနံပင်ထည့်၍ ရပါ ပြီရှင်။

Credit: Si Thu Hein

Photo Credit: ချက်ကြည့်ကြစို့