အသားဟင်းမကြိုက်တဲ့ ကလေးလူကြီးတွေအတွက် အစပ်အဟပ်တည့်မယ့် ဟင်းတစ်ခွက်ပါ။

ပါဝင်ပစ္စည်းများ

  • ပုဇွန် – ၅၀ သား
  • ကြက်သွန်နီ – ၅ ဥ
  • ခရမ်းချဉ်သီး – ၁၀ သား
  • သကြား – အနည်းငယ်
  • ငံပြာရည် – ၂ ဇွန်း (ထမင်းစားဇွန်း)

  • ငရုတ်သီး အရောင်တင်မှုန့် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • နနွင်းမှုန့် – အနည်းငယ်
  • ဆား – အနည်းငယ်
  • ဆီ – ၅ ကျပ်သား
  • ငရုတ်သီးစိမ်း – ၁၅ တောင့်

ပြုလုပ်ပုံ

ဦးစွာ သန့်စင်ထားသော ပုဇွန်ကို ငရုတ်သီး အရောင်တင်မှုန့်၊ ဆနွင်းမှုန့် ဆား၊ သကြား၊ ပုဇွန်ငံပြာရည်တို့ဖြင့် ခဏနယ်ထားပါ။

ပြီးလျှင် ထောင်းထားသော ကြက်သွန်နီကို မွှေးအောင် ကြော်ပါ။

လှီးထားသော ခရမ်းချဉ်သီးများ ထည့်ကာ အနှစ်ရ အခွံလိပ်သည် အထိ တည်ပါ။

ပြီးလျှင် နယ်ထားသော ပုဇွန်ထည့်ပြီး ရေအနည်းငယ် ထည့်၍ တည်ပါ။

ရေခမ်း၍ ဆီပြန်လျှင် ငရုတ်သီးစိမ်း အုပ်ပြီး မီးဖိုပေါ်မှ ချလို့ရပါပြီ။

Credit: Pan Pan