အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဂျပန်အစားအစာတစ်မျိုးဖြစ်တဲ့ ဂျပန်ရိုးရာပန်ကိတ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

အိုဆာကာစတိုင်လ် ချက်ပြုတ်ထားတဲ့ အမဲသား ကြက်ဥပန်ကိတ်လေးပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ပန်းကန်လုံး ၂ လုံးစာ
  • ရေ စားပွဲတင်ဇွန်း ၂၀ ဇွန်း
  • ဂေါ်ဖီ အနည်းငယ် (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၆ ဇွန်း
  • ကြက်ဥ ၄ လုံး (သို့) ၆ လုံး

  • ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • အမဲသားပြား ၁၂ ခုခန့် (ဝက်သားပြားလည်း အသုံးပြုနိုင်ပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဂျုံမှုန့်များကို ပန်းကန်လုံးထဲ ထည့်ပြီးနောက် ရေထည့်ကာ မုန့်နှစ်များဖြစ်သွားအောင် မွှေပေးလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲထည့်ကာ ၁ နာရီခန့် နှပ်ထားလိုက်ပါ။

၂။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ မုန့်နှစ်တစ်ဝက်ကို အခြားပန်းကန်လုံးထဲသို့ ပြောင်းထည့်ထားပါ။

၃။ ထိုမုန့်နှစ်ပန်းကန်လုံးထဲတွင် ဂေါ်ဖီ ၄ ပုံ ၁ ပုံ၊ ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၄။ ထို့နောက် ကြက်ဥ ၁ လုံး ဖောက်ထည့်ပြီး သမအောင် နယ်လိုက်ပါ။

၅။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ အနည်းငယ် ထည့်ပါ။

ထို့နောက် ကြက်ဥထည့်နယ်ထားသော မုန့်နှစ်များကို ဒယ်အိုးထဲထည့်ကာ မိနစ်အနည်းငယ်ခန့် ကြော်ပေးရပါမယ်။

၆။ ထိုအချိန်တွင် အခြားဒယ်အိုးတစ်အိုးထဲတွင်တော့ အမဲသားပြား ၄ ချပ်ခန့်ကို ၂ မိနစ်ခန့်ကြော်ပေးရပါမယ်။

ရရှိလာတဲ့ အမဲသားပြားကြော်ကို စောစောက ကြက်ဥမုန့်နှစ်ပေါ် တင်ထားလိုက်ပါ။

၇။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးရပါမယ်။

ကျန်ရှိနေတဲ့ ဂျုံမှုန့်နှစ်များ ကုန်သွားသည်အထိ ထိုနည်းအတိုင်း ကြော်ပေးလိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ အမဲသား ကြက်ဥပန်ကိတ်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com