ထမင်းကြော်ကို ကြက်ဥ Omelet ထဲထည့်ထားတဲ့ ပုံစံ ဆန်းဆန်းလေး ကြော်စားရအောင်။

ပါဝင်ပစ္စည်းများ

မုန်လာဥနီ တစ်ခြမ်း

ကြက်သွန်နီ တစ်ခြမ်း

ငရုတ်ပွသီး အနည်းငယ်

ဝက်သား ၂၀ သား

ဂဏန်းသား ၁၀၀ ဂရမ်

ခရမ်းချဉ်သီး ဆော့စ် (Ketchup) စားပွဲတင်ဇွန်း ၃ ဇွန်း

Worcestershire Sauce စားပွဲတင်ဇွန်း ၁ ဇွန်း (Market Place မှာ ရနိုင်ပါတယ်။)

ကြက်ဥ ၄ လုံး

ဆား အနည်းငယ်

ထမင်း ၂ ယောက်စာ

ခရမ်းချဉ်သီးဆော့ အနည်းငယ်

ဆီ အနည်းငယ်

ပြုလုပ်နည်း

ထမင်းကြော်ရန်

မုန်လာဥနီ၊ ကြက်သွန်နီ၊ ငရုတ်ပွသီး၊ ဝက်သား၊ ဂဏန်းချောင်းတို့ကို အတုံးလေးတွေ လှီးပါ။

ခရမ်းချဉ်သီးဆော့စ် (စားပွဲတင်ဇွန်း ၃ ဇွန်း) နှင့် Worcestershire sauce ကို ဇလုံတစ်လုံးထဲထည့်ပါ။ ဒယ်အိုးထဲထည့်ပြီး ၁၀ စက္ကန့်လောက် မီးပြင်းပြင်းနဲ့ အပူပေးပါ။ ဆော့စ်တွေကို ဖယ်ထားလိုက်ပါ။

ဒယ်အိုးထဲကို ဆီအနည်းငယ် ထည့်ပါ။ ခုနက အတုံးလေးတွေး လှီးထားတာကို ထည့်ကြော်ပါ။

ထမင်းထည့်ပြီး ကြော်ပါ။

ဆော့စ်ထဲည့်ပါ။ ဆော့စ်နဲ့ မွှေပြီး ကြော်ပါ။

ကြက်ဥ Omelet ကြော်ဖို့

ကြက်ဥ ၂ လုံးကို ဇလုံထဲထည့်ပြီး ဆား အနည်းငယ်ထည့်ကာ ခလောက်ပါ။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ။ ဆီပူရင် ဒယ်အိုးထဲကို ကြက်ဥထည့်လိုက်ပါ။ ဒယ်အိုး တစ်ပြင်လုံး ကြက်ဥအနှံ့ဖြစ်အောင် ဒယ်အိုးလေးကို စောင်းပြီးလုပ်ပါ။ Omelet ကြော်ပါ။

Omelet ကြော်ပြီးရင် ဇလုံလို စောက်နက်တဲ့ ခွက်ထဲကို ကြက်ဥ တစ်လုံးစီ ထည့်ပါ။ ထမင်းကြော်ကို အဲ့ခွက်ထဲ Omelet အပေါ်ကနေ ထည့်ပါ။ ခွက်ကို ပန်းကန်ပေါ်မှာ မှောက်တင်လိုက်ပါ။ ဓားလေးနဲ့ ကြက်ဥအပေါ်ကို လှလှလေးခွဲလိုက်ပြီး အပေါ်မှာ ခရမ်းချဉ်သီးဆော့လေး နဲ့ အလှဆင်လိုက်ပါ။

ဒါဆိုရင် အရသာရှိပြီး လှပတဲ့ ကြက်ဥ Omelet ထမင်းကြော်လေး ရပါပြီ။

Photos Credit: MyKorean Kitchen