အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ထမင်းကြော် ကြက်ဥ အုပ်ပြုလုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။

စားသောက်ဆိုင်မှာ မှာစားလေ့ရှိတဲ့ အစားအစာတစ်မျိုးဖြစ်မယ်ဆိုရင် ဒီချက်နည်းလေးက သဘောကျမယ်လို့ ယုံကြည်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • မုန်လာဥနီ တစ်ခြမ်း
  • ကြက်သွန်နီ တစ်ခြမ်း
  • ငရုတ်ပွသီး အနည်းငယ်
  • မိမိနှစ်သက်ရာ အသားအနည်းငယ်
  • ဂဏန်းချောင်းအနည်းငယ်

  • ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၄ လုံး
  • ဆား အနည်းငယ်
  • ထမင်း ၂ ခွက်၊ ဆီ

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကို အတုံး သေးသေးလေးတွေလှီးလိုက်ပါ။ ပြီးရင်ဆီပူပူနဲ့ ထည့်ကြော်ပြီး ထမင်းထည့်လိုက်ပါ။ အဲဒီနောက် ဆော့စ်ထည့်ပေးပါ။

ကြက်ဥကို ခလောက်ပြီး သေချာမွေလိုက်ပါ။ ပြီးရင်ကြော်ပေးလိုက်ပါ။ ပန်းကန်လုံးထဲထည့်လိုက်ပြီး အပေါ်ကနေ ထမင်းကြော်ကို ထည့်လိုက်ပါ။

ပြီးရင်ခွက်ကိုမှောက်ချလိုက်ရင် ဒီလိုခုံးခုံးလေးဖြစ်သွားမှာပါ။ အပေါ်ကနေ ခရမ်းချဉ်သီးဆော့စ်လေး အနည်းငယ် ဆမ်းပြီး စားသုံးနိုင်ပါပြီနော်။

Source: www.mykoreankitche.com

By: MyFood Myanmar