အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ထမင်းကြော် ကြိုက်နှစ်သက်သူများအတွက် ကြက်ဥအုပ် Omurice ထမင်းကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငရုတ်ပွအစိမ်းနှင့် ငရုတ်ပွအနီ ၆ အောင်စ (လေးထောင့်အတုံးသေးသေးလေး တုံးထားပါ)
  • တရုတ်နံနံ ပန်းကန်လုံးအသေး ၄ ပုံ ၁ ပုံစာနှင့် မုန်လာဥနီ ပန်းကန်လုံးအသေး ၄ ပုံ ၁ ပုံ
  • မှို ၅ ပွင့် (အတုံးသေးသေး တုံးထားပါ)
  • ကြက်သွန်နီ ၄ အောင်စ (အတုံးသေးသေး တုံးထားပါ)
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)

  • ဝက်အူချောင်း ၄ အောင်စ (အတုံးသေးသေး လှီးဖြတ်ထားပါ)
  • ငရုတ်သီးစိမ်း ၁ တောင့် (ပါးပါးလှီးထားပါ)
  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ထမင်း ပန်းကန်လုံး ၁ လုံးစာ

  • Ketchup စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ဥ ၂ လုံး
  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ထောပတ်ထည်ပါ။ ဝက်အူချောင်း၊ ကြက်သွန်ဖြူတို့ထည့်ကာ ၁ မိနစ်ခန့် မွှေကြော်လိုက်ပါ။

၂။ ငရုတ်ပွအစိမ်း၊ အနီ၊ တရုတ်နံနံ၊ မုန်လာဥနီ၊ မှိုနှင့် ကြက်သွန်နီတို့ထည့်ကာ ကြက်သွန်နီများ ပျော့သွားသည်အထိ မွှေပေးလိုကပါ။

၃။ ထို့နောက် ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပါ။

၄။ ထမင်း၊ Ketchup တို့ထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။

၅။ အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။ ထို့နောက် ထမင်းကြော်ကို ပန်းကန်လုံးတစ်လုံးထဲ ထည့်ပါ။

၆။ ကြက်ဥ ၂ လုံးကို ပန်းကန်လုံးထဲ ဖောက်ထည့်ပြီးနောက် ဆားနှင့် သကြားတို့ထည့်ကာ သမအောင် မွှေခလောက်လိုက်ပါ။

၇။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာပါက ကြက်ဥထည့်ပြီး ကြော်ပေးရပါမယ်။

၈။ စောစောက ထမင်းကြော်ပန်းကန်လုံးကို ပန်းကန်ပြားထဲ မှောက်လျက်တင်ထားပါ။ ထို့နောက် ထို့နောက် ပန်းကန်လုံးကို ဖယ်ရှားလိုက်ပါ။

၉။ ထို့နောက် ကြက်ဥကြော်ကို ထမင်းပေါ် အုပ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ Omurice ထမင်းကြော်လေး ရရှိသွားပါပြီ။

Source: Maangchi.com