အုန်းသီးမုန့်အချိုပွဲ ပြုလုပ်ဖို့အတွက် စုစုပေါင်း မိနစ် ၅၀ ခန့်သာ ကြာပါလိမ့်မယ်။ ပြုလုပ်နည်းကလည်း လွယ်ကူပြီး Oven လေးတစ်လုံး ရှိရုံနဲ့ မိမိအိမ်မှာ အလွယ်တကူလုပ်စားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သကြား ၃၅၀ ဂရမ်
  • ကောက်ညှင်းဆန်မှုန့် ၄၅၀ ဂရမ်
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နို့စိမ်း ၃၇၅ မီလီလီတာ

  • အုန်းနို့ ၃၇၅ မီလီလီတာ
  • ကြက်ဥ ၄ လုံး
  • အုန်းဆီ ၁၂၀ ဂရမ်
  • အုန်းသီးဖတ် ပန်းကန်လုံးအသေး ၁ လုံးစာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၁၈၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးပါ။ ကိတ်မုန့်သံဘူးငယ်များကို အုန်းဆီဖြင့် သုတ်လိမ်းထားပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကောက်ညှင်းဆန်မှုန့်၊ သကြား၊ မုန့်ဖုတ်ပေါင်ဒါနှင့် ဆားတို့ထည့်ကာ သမအောင် ရောမွှေပါ။

၃။ ကြက်ဥ ၄ လုံး ဖောက်ထည့်ပါ။ အုန်းဆီ၊ အုန်းနို့နှင့် နို့ဆီတို့ ပေါင်းထည့်ကာ သမအောင် မွှေခလောက်လိုက်ပါ။

၄။ အုန်းသီးဖတ်များ ထည့်ပြီး သမအောင် ထပ်မွှေပါ။ ရရှိလာတဲ့ မုန့်နှစ်များကို ကိတ်မုန့်ဖုတ်မယ့် သံဘူးလေးထဲသို့ လောင်းထည့်လိုက်ပါ။

၅။ ထို့နောက် Oven ထဲတွင် မိနစ် ၄၀၊ ၄၅ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ရွှေရောင်အဆင်းသဏ္ဍာန်ရှိပြီး အုန်းသီးနံ့လေး သင်းနေတဲ့ အုန်းသီးမုန့်အချိုပွဲလေး ရရှိသွားပါပြီ။

Source: Asianfoodnetwork.com