အားလုံးပဲမင်္ဂလာပါ။ ရေခဲမုန့်ကြိုက်နှစ်သက်တဲ့ သူတွေအတွက်စားဖူးနေကြ အရသာတွေနဲ့မတူတဲ့ လိမ္မော်သီးအနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ရေခဲမုန့်လေးကို အိမ်မှာကိုယ်တိုင်လုပ်စားလို့ရနိုင်မယ့် နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • Whipping Cream ၅၀၀ မီလီလီတာ
  • နွားနို့ ၄၀၀ ဂရမ်
  • လိမ္မော်သီး ၁ လုံး
  • သစ်ဂျပိုးခေါက်မှုန့်စားပွဲတင်ဇွန်း ၁ ဇွန်း
  • စမုန်နက်မှုန့်စားပွဲတင်ဇွန်း ၁ ဇွန်း
  • လေးညှင်းမှုန့်စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုပ်ကောင်းမှုန့်စားပွဲတင်ဇွန်း ၁ ဇွန်း
  • နာနတ်ပွင့်အမှုန့်စားပွဲတင်ဇွန်း ၁ ဇွန်း
  • Rum အရက် ၂ ဇွန်း
  • ဆားအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

 

(၁) ပထမဆုံးအနေနဲ့ဇလုံခပ်ကြီးကြီးတစ်ခုအတွင် Whipping Cream ထည့်ကာလျှပ်စစ်မွှေစက် သို့မဟုတ် ခလောက်တံဖြင့် ပျစ်လာသည်အထိ ခပ်နာနာလေး မွှေခလောက်ပေးရပါမယ်။ လိမ္မော်သီးရဲ့အပေါ်ယံကို သေချာရေဆေးသန့်စင်ပေးပါ။ ပြီးရင်တော့ လိမ္မော်သီးရဲ့အပေါ်ယံအခွံကို အနည်းငယ်ခြစ်ယူပြီးခုနက Whipping Cream ထဲသို့ရောထည့်ပေးပါ။

(၂) ဆက်လက်ပြီး ပန်းကန်လုံးတစ်ခုအတွင်း သစ်ဂျပိုးခေါက်မှုန့် စမုန်နက်မှုန့် လေးညှင်းမှုန့် ငရုပ်ကောင်းမှုန့် နာနတ်ပွင့်အမှုန့်တို့ကို ရောမွှေပေးပါ။ ထို့နောက်အဆိုပါ ၅ မျိုးရောစပ် ထားတဲ့အမှုန့် စားပွဲတင်ဇွန်းတစ်ဇွန်းကို ခုနက Whipping Cream နဲ့ လိမ္မော်ခွံတို့ရောထည့်ထားတဲ့ ဇလုံအတွင်းသို့ ထပ်မံရောထည့်ပြီးမွှေပေးရပါမယ်။

(၃) နောက်တစ်ဆင့်အနေနဲ့ကတော့ Rum အရက် ၂ ဇွန်းကိုထပ်ထည့်ပြီးမွှေပေးရပါမယ်။ Rum ထည့်ခြင်းအားဖြင့် ရေခဲမှုန့်အသားကိုပိုမိုအိစေပြီး စားလို့ပိုကောင်းစေမှာဖြစ်ပါတယ်။နောက်ဆုံးမှာတော့နွားနို့ရောထည့်ပေးပါ။ ပါဝင်ပစ္စည်းအားလုံးထည့်ပြီးပြီဆိုရင်တော့ လျှပ်စစ်မွှေစက် သို့မဟုတ် ခလောက်တံဖြင့် သေသေချာချာလေး ဆက်ပြီးမွှေခလောက်ပေးရပါမယ်။

(၄) ထို့နောက်ဇလုံကို ပလတ်စတစ်အပျော့သားနဲ့ အုပ်ပြီးရေခဲ သေတ္တာအတွင်းအနည်းဆုံး ၆ နာရီခန့် အအေးခံထားရပါမယ်။ဒါဆိုရင်တော့ အရောင်အဆင်းအနံ့အရသာနဲ့ ပြည့်စုံတဲ့ လိမ္မော်အနံ့မွှေးမွှေးလေးနဲ့ ရေခဲမှုန့်လေးကိုသုံးဆောင်နိုင်ပြီပဲ ဖြစ်ပါတယ်။

Source : asianfoodnetwork