အခုလိုသရက်သီးပေါတဲ့အချိန်မှာ သရက်သီးကို အမျိုးမျိုးလုပ်စားလို့ရအောင် ဒီတစ်ခါမှာတော့ ပျစ်ပျစ်နှစ်နှစ်နဲ့အရသာရှိတဲ့ Mango Smoothie လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

သရက်သီးအမှည့် ၁ လုံး (သို့) ၂ လုံးကို အတုံးလေးတွေလှီးပြီး ခဲနေအောင် ရေခဲသေတ္တာထဲထည့် အအေးခံထားပါ။

ငှက်ပျောသီး သီးမွှေးတစ်လုံးကိုလည်း အခွံခွာပြီး အေးခဲနေအောင် ရေခဲသေတ္တာထဲထည့်ထားပါ။

Blender ထဲကို နွားနို့ – 125 ml ထည့်ပါ။ အအေးခံထားတဲ့ သရက်သီးအမှည့်နဲ့ ငှက်ပျောသီးကို ထည့်ပါ။

Greek Yogurt ဒိန်ချဉ် – 150 g ကိုလည်း ထည့်ပါ။ ပြီးတာနဲ့ မွှေလိုက်ပါ။

မွှေပြီးရင်တော့ ကိုယ်သောက်မယ့်ပန်းကန်ထဲထည့်ပြီး သောက်လို့ရပါပြီ။ အချိုမပါတဲ့အတွက် လူတိုင်းနဲ့တည့်ပါတယ်။

Source: www. spicebangla