ကြက်ဆီထမင်း ကြိုက်နှစ်သက်သူများအတွက် မိမိအိမ်မှာ ကြက်ဆီထမင်းကို ဘယ်လိုအလွယ်တကူ ချက်ပြုတ်နိုင်မလဲဆိုတဲ့ နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၄ တုံး
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • တစ်လက်မပတ်လည် ဂျင်းတုံး ၁ တုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ဆန် နို့ဆီဘူး ၁ လုံး (ရေဆေးထားပါ)

  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၂၄ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ နှင့် ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ
  • ကြက်သွန်ဖြူမှုန့်၊ ကြက်သွန်နီမှုန့်၊ ဇီရာမှုန့်နှင့် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို ဟင်းချက်ဝိုင်၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းဖြင့် သမအောင် နယ်ထားပါ။ ထို့နောက် ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ကြက်သွန်နီမှုန့်၊ ဇီရာမှုန့်၊ ငရုတ်သီးမှုန့်၊ ဆားတို့ဖြင့် သမအောင် နယ်ကာ မိနစ် ၂၀ ခန့် နှပ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး နှမ်းဆီ ထည့်ပါ။ ဂျင်းနှင့် ကြက်သွန်ဖြူတို့ထည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် ဆီသတ်ပါ။

၃။ ထို့နောက် ဆန်ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။ ပြီးရင်တော့ မီးပိတ်လိုက်ပါ။

၄။ ကြက်သားတုံးများ ထည့်ရန်တွက် ဆန်များကို နေရာလွတ်ဖယ်ထားပါ။ ထို့နောက် ကြက်သားတုံးများထည့်ပါ။ ကြက်ပြုတ်ရည်နှင့် ပဲငံပြာရည်တို့ထည့်ကာ ဒယ်အိုးအဖုံးအုပ်ပါ။

၅။ ထို့နောက် ကြက်ပြုတ်ရည် ပွက်ပွက်ဆူလာသည်အထိ မိနစ် ၂၀ ခန့် တည်ထားလိုက်ပါ။

၆။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ကြက်သားများ နူးအိ မနူးအိဆိုတာကို စမ်းသပ်ကြည့်လိုက်ပါ။

ကြက်သားရော ထမင်းပါ ကျက်သွားပြီဆိုရင်တော့ အရသာရှိတဲ့ ကြက်ဆီထမင်းလေး ရရှိသွားပါပြီ။

မိမိကြိုက်နှစ်သက်ရာ အချဉ်ရည်၊ ဟင်းရွက်ပြုတ်တို့ဖြင့် အရသာရှိရှိ တွဲဖက်သုံးဆောင်နိုင်ပါပြီ။

Source: Omnivorescookbook.com