အားလုံးပဲ မင်္ဂလာပါ။ နေမကောင်းဖြစ်လို့ ခံတွင်းပျက်ပြီး ဘာကိုမှ မစားချင်ဖြစ်နေပါသလား။ ဒါမှမဟုတ် ဆရာဝန်ရဲ့ညွှန်ကြားချက်အရ မာတဲ့အစားအစာတွေ စားလို့မရသေးတာကြောင့် ထမင်းနဲ့ အခြားအစားအစာများ စားလို့မရဖြစ်နေပါသလား။ အရသာရှိပြီး အာဟာရပြည့်ဝစမယ့် ကြက်သားဆန်ပြုတ်လေး ပြုတ်စားကြည့်လိုက်ပါ။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • မုန်လာဥနီ အနည်းငယ် (အဝိုင်းပုံသဏ္ဍာန် ပါးပါးလှီးထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ထမင်း ပန်းကန်လုံး ၂ လုံးစာ
  • ပါးပါးလှီးထားသော ကြက်သွန်နီနှင့် ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်းစီ

  • ကြက်ရင်အုံသား ၂ တုံး
  • ကြက်ပြုတ်ရည် ၂ လီတာ
  • နံနံပင်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒန်အိုးကို အပူပေးပြီးနောက် ထောပတ်ထည့်ကာ အရည်ဖျော်လိုက်ပါ။ ထောပတ်များအရည်ပျော်သွားပါက မုန်လာဥနီ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အိုးအဖုံးဖုံးကာ ၅ မိနစ်၊ ၆ မိနစ်ခန့် တည်ထားလိုက်ပါ။

၂။ ထမင်းထည့်ပြီးနောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ထည့်ပြီး တစ်မိနစ်ခန့် မွှေပေးလိုက်ပါ။ နံနံပင်ထည့်ပြီးနောက် ကြက်ပြုတ်ရည်ထည့်ကာ ပွက်ပွက်ဆူလာအောင် တည်လိုက်ပါ။

၃။ မီးအပူချိန်ကို လျော့ချလိုက်ပြီးနောက် ၁၀ မိနစ်ခန့် တည်ပေးရပါမယ်။ မကြာခဏမွှေပေးဖို့လည်း လိုပါမယ်။ ကြက်ရင်အုံသားကို ခပ်ပါးပါးလှီးပြီးနောက် ဆားနှင့် ငရုတ်ကောင်းတို့ဖြင့် နယ်ပေးလိုက်ပါ။ ထို့နောက် ကြက်သားများကို အိုးထဲထည့်လိုက်ပါ။ ထို့နောက် အရသာ အပေါ့အငန်မြည်းကြည့်လိုက်ပါ။

ကြက်သားများ ကျက်သွားရင် ဆန်ပြုတ်ရဲ့အရည်က အနေတော်ဖြစ်သွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ နေမကောင်းလို့ အမာစာတွေ စားလို့မရတဲ့သူတွေအတွက် အားဖြစ်စေမယ့် ကြက်သားဆန်ပြုတ်တစ်ခွက်ကို အရသာရှိရှိသောက်သုံးနိုင်ပါပြီ။

Source: iowagirleats.com