အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပြောင်းဖူး၊ မှို၊ ဝက်နံရိုးတို့နဲ့ ထည့်ချက်ထားတဲ့ ဝက်နံရိုး ထမင်းပေါင်း ချက်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၁၀၀ ဂရမ်
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • တစ်လက်မပတ်လည် ဂျင်းတုံး ၁ တုံး (ပါးပါးလှီးထားပါ)

  • မှိုခြောက် ၆ ပွင့် (ဆေးစိမ်ထားပြီးနောက် ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ထမင်း နို့ဆီဘူး ၁ လုံးစာ
  • ရေ စားပွဲတင်ဇွန်း ၃၂ ဇွန်း
  • မုန်လာဥနီ ၂ လုံး (လေးထောင့်အတုံးငယ် တုံးထားလိုက်ပါ)

  • ပြောင်းဖူး တစ်ဖူး (ပြောင်းဖူးစေ့လေးများ ချွေထားလိုက်ပါ)
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်နံရိုးများကို ရေဆေးပြီးနောက် အနေတော် အတုံး တုံးထားပါ။ ထို့နောက် ဆား၊ ပဲငံပြာရည်တို့ဖြင့် နယ်ထားလိုက်ပါ။

၂။ ဆန်ကို ထမင်းပေါင်းအိုးထဲ ထည့်ပြီးနောက် ရေဆေးပါ။ ထို့နာက် ရေ ထည့်ပါ။ ပြောင်းဖူး၊ မုန်လာဥနီနှင့် မှိုတို့ထည့်ထားလိုက်ပါ။

၃။ ဒယ်အိုးတစ်လုံးကို အပူပေးပြီးနောက် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ဂျင်းနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် ဝက်နံရိုးများ ထည့်ကာ အညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ ပြီးရင်တော့ ထိုဝက်နံရိုးကို ထမင်းပေါင်းအိုးထဲ ထည့်လိုက်ပါ။

၄။ ထိုထမင်းပေါင်းအိုးကို ထမင်းတည်သလိုပဲ တည်ပေးလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပြီး ထမင်းကျက်သွားတဲ့အခါမှာတော့ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ ပြောင်းဖူး ဝက်နံရိုး ထမင်းပေါင်း ရရှိသွားပါပြီ။

Source: Chinasichuanfood.com