ပိတ်ရက်တွေမှာ မိသားစုနဲ့အတူ သရေစာမုန့်လုပ်စားတဲ့အခါ အလုပ်မရှုပ်ပဲ လွယ်လွယ်ကူကူလုပ်စားလို့ရမယ့် ကြက်သွန်ကွင်းကြော် ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ကြက်သွန်နီက အကြီးဖြစ်ဖို့တော့လိုပါတယ်။ ကြက်သွန်နီအကြီး – ၂ လုံးကို ၂ စင်တီမီတာအရွယ်လောက်တွေ လှီးပေးပါ။ လှီးပြီးရင် အကွင်းလေးတွေထုတ်ယူပါမယ်။

ပန်းကန်လုံးထဲကို ဂျုံမှုန့် (all purpose flour) – ၁၂၅ ဂရမ်၊ ပြောင်းဂျုံ – ၄၂ ဂရမ်၊ Baking Powder – လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သွန်ဖြူအမှုန့် (garlic powder) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်၊ ငရုပ်သီးအစိမ်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ ပုံ ပုံ ၁ ပုံစာ တို့ကို ရောထည့်ပြီး သမအောင်နယ်လိုက်ပါ။

စပါကလင် နည်းနည်းထည့်ပြီးထပ်မွှေပါမယ်။ ပုံမှာပြထားတဲ့အနေအထားအတိုင်း ပျစ်ပျစ်ရသွားအောင် လုပ်ပေးရပါမယ်။

Bread crumbs – ၂၂၀ ဂရမ်ကို ပန်းကန်ထဲထည့်ထားပါ။

လှီးထားတဲ့ ကြက်သွန်နီအကွင်းလေးတွေကို စပါကလင်ထည့်မွှေထားတဲ့ မုန့်နှစ်ပန်းကန်ထဲထည့်နှစ်လိုက်ပါ။
ပြီးရင် Bread crumbs ပန်းကန်ထဲထည့်နယ်လိုက်ပါ။

နောက်ဆုံးမှာတော့ ဆီအိုးထဲထည့်ကြော်ပါမယ်။

ကြော်ပြီးတာနဲ့ ပန်းကန်ထဲထည့်ပြီး အချဉ်နဲ့တို့စားလို့ရပါပြီ။ ဒါဆိုရင်တော့ လုပ်ရတာလည်းလွယ်ကူပြီး အရသာလည်းရှိတဲ့ ကြက်သွန်ကွင်းကြော်ကို ရရှိသွားပါပြီ။

Source:www.thecookingfoodie