ချောကလက်ကြိုက်သူများအတွက် ထမင်းစားပြီးတိုင်းမှာ အချိုတည်းလို့ရအောင် Chocolate Fudge ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ပါဝင်ပစ္စည်းကလည်း ချောကလက်နဲ့ နို့ဆီပဲလိုတာဆိုတော့ လုပ်ရတာ အရမ်းကို လွယ်ကူရိုးရှင်းပါတယ်နော်။

လုပ်ဖို့အတွက် ၅ x ၇ လက်မ Pan လေးတစ်ခုတော့ လိုပါမယ်။ အဲ့ Pan ထဲကို ထောပတ် (သို့) ဆီ သုတ်ပြီး ဆီစုပ်စက္ကူကို ထည့်ခံပေးပါ။ ပြီးရင် အဲ့ဆီစုပ်စက္ကူပေါ်မှာ ထောပတ် (သို့) ဆီ ကို ထပ်သုတ်ပါ။

Dark chocolate – ၃၀၀ ဂရမ် ကို လှီးပါ။

မီးဖိုပေါ်ကို အိုးတင်ပြီး နို့ဆီ – ၄၀၀ ဂရမ်ထည့်ပါ။ ခုနက လှီးထားတဲ့ dark chocolate တွေလည်း ထည့်ပါ။

ချောကလက်တွေပျော်သွားအောင် ၅ မိနစ်လောက်တည်ပြီး ဆက်တိုက်မွှေနေပေးပါ။

ချောကလက်တွေလည်း သေချာပျော်သွားပြီဆိုရင်တော့ ခုနက ဆီသုတ်ထားတဲ့ Pan ထဲကို ထည့်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၄ နာရီကနေ အများဆုံး တစ်ည ထားလို့ရပါတယ်။

အချိန်ပြည့်ရင်တော့ ဆီစုပ်စက္ကူကို ဆွဲယူထုတ်လိုက်ရုံပါပဲ။ ပြီးရင်တော့ လှီးပြီး စားလို့ရပါပြီ။ ဒါဆိုရင်တေော့ Chocolate Fudge ကို ရရှိသွားပါပြီ။

Source: www.spicebangla