လိမ္မော်သီးချစ်သူများအတွက် ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ လိမ္မော်သီးရဲ့အနံ့အရသာတို့ဖြင့် ပြုလုပ်ထားတဲ့ လိမ္မော်သီး ရေခဲမုန့်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • လိမ္မော်သီး ၆ လုံး
  • သကြား စားပွဲတင်ဇွန်း ၈ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • လိမ္မော်ရည် စားပွဲတင်ဇွန်း
  • Heavy Cream စားပွဲတင်ဇွန်း ၂၀ ဇွန်း

  • နွားနို့ စားပွဲတင်ဇွန်း ၁၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ လိမ္မော်သီးများကို အခွံခွာပါ။ ထို့နောက် လိမ္မော်သီးစိတ်များကို အမျှင်များ ဖယ်ရှားထားလိုက်ပါ။

၂။ ရရှိလာတဲ့ လိမ္မော်သီးအစိတ်အပိုင်းများကို သစ်သီးဖျော်စက်ထဲထည့်ကာ ၂ မိနစ်ခန့် ဖျော်ပေးလိုက်ပါ။

၃။ ထို့နောက် သစ်သီးဖျော်စက်ထဲသို့ သကြား၊ သံပုယိုရည်၊ လိမ္မော်ရည်၊ Heavy Cream နဲ့ နွားနို့တို့ ထပ်ပေါင်းထည့်ကာ နောက်ထပ် ၂ မိနစ်ခန့် ထပ်ဖျော်ပေးလိုက်ပါ။

၄။ ရရှိလာတဲ့အနှစ်များကို ဇောက်နက်သော ဘူးထဲသို့လောင်းထည့်ကာ အဖုံးဖုံးထားပြီး ရေခဲသေတ္တာထဲတွင် ၁ နာရီခန့် အအေးခံထားပါ။

၅။ ရေခဲသွားတဲ့အခါ သစ်သီးဖျော်စက်ထဲ တစ်ခေါက်ပြန်လောင်းထည့်ပြီး သမအောင် ထပ်မွှေပေးလိုက်ပါ။ ဒါဆိုရင် ရေခဲခြစ်ပုံသဏ္ဍာန် ဖြစ်သွားပါလိမ့်မယ်။

ရရှိလာတဲ့ ရေခဲခြစ်များကို စောစောကဘူးထဲ ပြန်ထည့်ပြီးနောက် အဖုံးပိတ်ကာ ရေခဲသေတ္တာထဲတွင် သုံးနာရီခန့် အအေးခံထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ လိမ္မော်သီး ရေခဲမုန့်လေး ရရှိသွားပါပြီ။

Source: Glitternspice.com