အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ရေခဲချောင်းချစ်သူများအတွက် အရသာရှိပြီး ပြုလုပ်ရလွယ်ကူတဲ့ လိမ္မော်သီး ရေခဲချောင်း ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • လိမ္မော်သီး ၁၀ လုံး
  • သကြား စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • သံပိုယိုရည် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ရေ စားပွဲတင်ဇွန်း ၁၆ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ လိမ္မော်သီးများကို အခွံခွာပြီး တစ်မြွှာချင်း ခွဲထားပါ။ လိမ္မော်မြွှာလေးများမှာ ကပ်နေတဲ့ အမျှင်များကိုလည်း ဖယ်ရှားထားပါ။

၂။ ထို့နောက် သစ်သီးဖျော်ရည်ထဲတွင် လိမ္မော်သီးမြွှာများထည့်ကာ အနှစ်များ ရလာသည်အထိ ဖျော်ပေးလိုက်ပါ။

၃။ ရရှိလာတဲ့ လိမ္မော်နှစ်များကို ဆန်ခါဖြင့် စစ်ယူပြီး အရည်သပ်သပ် အဖတ်သပ်သပ် ခပ်ထားလိုက်ပါ။

၄။ ရရှိလာတဲ့ လိမ္မော်ရည်များကို ပန်းကန်လုံးအကြီးထဲ ထည့်ပြီးနောက် ရေ၊ သံပုယိုရည်တို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၅။ ထို့နောက် ကြိတ်စက်ထဲတွင် သကြားထည့်ကာ အမှုန့်များ ရလာသည်အထိ ဖျော်ပေးလိုက်ပါ။

၆။ ရရှိလာတဲ့ သကြားမှုန့်များကို လိမ္မော်ရည်ဖြင့် သမအောင် ရောနှောလိုက်ပါ။

၇။ ထို့နောက် ရေခဲချောင်းပုံစံခွက်ထဲ ထည့်ပါ။ ထို့နောက် ခဲဖတ်လေးဖြင့် ရေခဲချောင်းပုံစံခွက်ကို အုပ်ထားလိုက်ပါ။ ခဲဖတ်အလယ်တည့်တည့်ကို ဓားဖြင့် အပေါက်ဖောက်ပြီးနောက် ရေခဲချောင်းတုတ်တံလေး ထိုးထည့်လိုက်ပါ။

၈။ ထို့နောက် ထိုရေခဲချောင်းပုံစံခွက်ကို ရေခဲသေတ္တာထဲထည့်ကာ ၆ နာရီမှ ၈ နာရီခန့် အအေးခံထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်အောင် အအေးခံပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ လိမ္မော်သီးရေခဲချောင်းလေး ရရှိသွားပါပြီ။

Source: Mozismenu.com