အားလုံးပဲ မင်္ဂလာပါ။ ကိတ်မုန့်ဖုတ်ရတာ ဝါသနာပါသူများအတွက် ဒီတစ်ခါမှာဝေမျှပေးချင်တဲ့ ကိတ်မုန့်ဖုတ်နည်းလေးကတော့ လိမ္မော်သီးကိတ် ပြင်ဆင်ပြုလုပ်နည်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၁၈၈ ဂရမ်
  • မုန့်ဖုတပေါင်ဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • သကြား ၂၆၆ ၈ရမ်
  • ထောပတ် ၆ အောင်စ

  • ကြက်ဥ ၂ လုံး
  • လိမ္မော်ရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • လိမ္မော်ခွံအမှုန်လေးများ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ထောပတ်နွားနို့ စားပွဲတင်ဇွန်း ၄ ဇွန်း
  • Sour ခရင်မ် စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက် (၁၈၀ ဒီဂရီစင်တီဂရိတ်)ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။ ကိတ်မုန့်ဖုတ်မယ့် လင်ဗန်းကိုလည်း ဆီဖြင့် သုတ်လိမ်းထားပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် သကြားနှင့် ထောပတ်တို့ထည့်ကာ လက်ကိုင်လျှပ်စစ်မွှေစက်ဖြင့် ၃ မိနစ်၊ ၄ မိနစ်ခန့် မွှေပေးလိုက်ပါ။ ထို့နောက် ကြက်ဥကို တစ်ကြိမ်လျှင် တစ်လုံးချင်းစီထည့်ပြီး မွှေပေးရပါမယ်။

၃။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါနှင့် ဆားတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။

၄။ အခြားပန်းကန်လုံးအသေးတစ်လုံးထဲတွင် လိမ္မော်ခွံ၊ လိမ္မော်ရည်၊ Sour ခရင်မ်နှင့် ထောပတ်နွားနို့တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ အရောအနှောများကို လိမ္မော်ရည်အရောအနှောထဲ ထည့်ပြီး သမအောင် ရောမွှေပါ။

ရရှိလာတဲ့ အရောအနှောကို အဆင့် (၂) က ပြုလုပ်ထားသော ကြက်ဥအရောအနှောထဲ သမအောင် မွှေပေးလိုက်ပါ။

၅။ ရရှိလာတဲ့ မုန့်နှစ်များကို ကိတ်မုန့်ဖုတ်မယ့် လင်ဗန်းထဲ ထည့်ပေးလိုက်ပါ။ ထို့နောက် Oven ထဲတွင် မိနစ် ၄၀၊ မိနစ် ၅၀ ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ လိမ္မော်ကိတ်လေး ရရှိသွားပါပြီ။

Source: Confessionsofabakingqueen.com