ပါဝင်ပစ္စည်း ၃ မျိုးနဲ့ အရသာရှိတဲ့ Oreo Chocolate Pastry ပြုလုပ်နိုင်မယ့်နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။ Chocolate နဲ့ Oreoကြိုက်တဲ့သူတွေဆိုရင်တော့ သေချာပေါက် လုပ်စားကြည့်သင့်ပါတယ်။

Oreo ကွတ်ကီး အခု – ၂၀ ကို ကြိတ်စက်ထဲထည့်ပြီး ကြေညက်သွားအောင် ကြိတ်ပေးပါ။

ကြိတ်ပြီးရင် ပန်းကန်လုံးအကြီးထဲ ထည့်ပါ။ ပူနေတဲ့နွားနို့ – ၂၀၀ မီလီလီတာကို တစ်ဝက်လောက်ပဲထည့်ပြီး မွှေပေးပါ။ Baking Powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး ခုနကကျန်တဲ့ နွားနို့တစ်ဝက်ကိုထည့်ပြီး ထပ်မွှေပါ။

Pan ထဲကို ဆီ (သို့) ထောပတ်သုတ်ပြီး ခုနကမွှေထားတာတွေကို လောင်းထည့်ပေးပါ။

ဒယ်ပြားအကြီးတစ်ခုကို မီးဖိုပေါ်တင်ပြီး အဲ့ဒီထဲကိုမှ Pan ထည့်ပြီး အဖုံးပိတ်ကာ Medium Heat နဲ့ ၁၅ မိနစ် (သို့) မိနစ် ၂၀ တည်ထားပါ။

အချိန်ပြည့်ရင် အအေးခံပြီး တစ်ခုခုပေါ်ကို မှောက်ချပါ။ ပုံမှာပြထားတဲ့အတိုင်း ဘေးနားက အဝိုင်းတွေကို လှီးထုတ်ပေးပါ။

ပန်းကန်လုံးအကြီးထဲကို Whipping Cream – ၁၅၀ မီလီလီတာထည့်ပြီး ခလောက်ပေးပါ။

ခုနကလှီးထားတဲ့ကိတ်သားကိုယူပြီး ပုံမှာပြထားတဲ့အတိုင်း ခလောက်ထားတဲ့ Whipping Cream တွေ သုတ်ပေးပါ။

Chocolate Cream တွေလည်း စမ်းပေးပါ။ ပြီးရင်တော့ အနေတော်အတုံးလေးတွေဖြစ်အောင် လှီးပေးပြီး Whipping Cream ကို အလှထပ်လုပ်ပါမယ်။

နောက်ဆုံးမှာတော့ ပိုပြီးစားချင်စဖွယ်ဖြစ်သွားအောင် Oreo ကွတ်ကီးတစ်ခုကို တင်ပေးပါ။

ဒါဆိုရင်တော့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ အရသာရှိသော Oreo Chocolate Pastry ကို ရရှိသွားပြီပဲဖြစ်ပါတယ်။