Oreo ချစ်သူများအတွက် ပါဝင်ပစ္စည်းသုံးမျိုးထဲနဲ့ Oreo ချောကလက်ခရင်မ်ကိတ် ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ မုန့်ဖုတ်စက်လည်းမလိုတာကြောင့် လုပ်ရတာ အရမ်းအဆင်ပြေပြီး အရမ်းလည်းလွယ်ကူပါတယ်။ ဒါကြောင့် ကိတ်ကြိုက်တယ်၊ Oreo ကြိုက်တယ်၊ ချောကလက်ကြိုက်တယ်ဆိုရင်တော့ ဒီကိတ်လုပ်နည်းလေးကို Try ကြည့်သင့်ပါတယ်နော်။

Oreo ကွတ်ကီး – ၁၈ ခုကို ခရင်မ်သပ်သပ်၊ ကွတ်ကီးသပ်သပ် ခွဲထည့်ပေးပါ။

သပ်သပ်စီခွဲပြီးရင် ကွတ်ကီးတွေကို Blender ထဲ ထည့်ကြိတ်ပေးပါ။ ကြိတ်ပြီးရင် ပန်းကန်ထဲ ပြောင်းထည့်ပါ။

အသင့်သောက်နွားနို့ – ၁၅၀ မီလီလီတာနဲ့ Baking Powder – လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး သမအောင်သေချာမွှေပေးပါ။

Pan ထဲကို ဆီနည်းနည်းသုတ်ပြီး ဆီစုပ်စက္ကူခံပေးပါ။ ဆီစုပ်စက္ကူပေါ်မှာ ဆီထပ်သုတ်ပါ။ ပြီးရင်တော့ ခုနကမွှေထားတာတွေကို ထည့်ပါမယ်။ လေပေါက်လေးရအောင် သွားကြားထိုးတံနဲ့ လိုက်ထိုးပေးပါ။

ပြီးရင် မီးဖိုပေါ်တင် အဖုံးအုပ်ပြီး ၁၀ မိနစ် တည်ထားပါ။ အချိန်ပြည့်ရင် တုတ်နဲ့ထိုးကြည့်ပြီး အတွင်းတွေလည်း ရပြီဆိုရင်တော့ မီးဖိုပေါ်ကချလိုက်ပါ။

ဆီစုပ်စက္ကူကိုဖယ်ပြီး လေးထောင့်လေးဖြစ်အောင် ပုံမှာပြထားတဲ့အတိုင်း ဓားနဲ့လိုက်လှီးပါမယ်။

Oreo ခရင်မ်တွေထဲကို ကြိတ်ထားတဲ့ ကွတ်ကီးအမှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်ပြီး သမအောင်သေချာနယ်ပါမယ်။

နယ်ပြီးရင် ပုံမှာပြထားတဲ့အတိုင်း ကိတ်ပေါ်မှာ သုတ်ပေးပါ။ ပြီးရင် ခရင်မ်ညှစ်တဲ့အိတ်လေးထဲထည့်ပြီး အပေါ်ကနေ အလှဆင်လိုက်ရုံပါပဲ။

ဒါဆိုရင်တော့ အရသာရှိတဲ့ Oreo ချောကလက်ခရင်မ်ကိတ်ကို ရရှိသွားပြီပဲဖြစ်ပါတယ်။

Source:www.spicebites