အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကြက်သွန်ကွင်း အာလူးကြော်ကို Oven ထဲမှာပဲ အလွယ်တကူထည့်ကြော်လို့ရမယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ အကြီး ၂ လုံး
  • အာလူးကြော် ၂၀၀ ဂရမ်
  • ဟင်းသီးဟင်းရွက် ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆားအနည်းငယ်

ဂျုံမှုန့်အရောပြုလုပ်ရန်

  • ဂျုံမှုန့် ၃၅ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်

  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်

မုန့်နှစ်ပြုလုပ်ရန်

  • ဒိန်ချဉ် ၂၅၀ မီလီလီတာ
  • ကြက်ဥ ၂ လုံး
  • ဂျုံမှုန့် ၇၀ ဂရမ်နှင့် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

ပထမအဆင့်အနေနဲ့Oven ကို ၃၉၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ထို့နောက် ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်နဲ့ ကျန်ရှိတဲ့ ဂျုံမှုန့် ၃၅ ဂရမ်တို့ကို ရောမွှေထားပါ။ နောက်တစ်ဆင့်အနေနဲ့ ဇလုံအသစ်တစ်လုံးထဲမှာ ဒိန်ချဉ်၊ ကြက်ဥနဲ့ ဂျုံမှုန့် ၇၀ ဂရမ်တို့ကို သမအောင် ရောမွှေကာ မုန့်နှစ်ပျစ်ပျစ်လေး ပြုလုပ်လိုက်ပါ။

ထို့နောက် အာလူးကြော်ကို အမှုန့်လေးတွေဖြစ်သွားအောင် ချေလိုက်ပါ။

ကြက်သွန်နီကိုလည်း အကွင်းလိုက် လှီးဖြတ်ထားပါ။ ထို့နောက် Oven ထဲထည့်မယ့် လင်ဗန်းကို ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ သုတ်လိမ်းထားပြီး Oven ထဲမှာ ၈ မိနစ်ခန့် ထည့်ထားလိုက်ပါ။

ထို့နောက် ကြက်သွန်များကို မကျိုးမကြေစေဘဲ ဂျုံမှုန့်အရောများနဲ့ နယ်ပေးလိုက်ပါ။

တစ်ဆက်တည်းမှာပဲ ကြက်သွန်ကွင်းများကို မုန့်နှစ်ထဲ ထည့်နှစ်ပေးလိုက်ပါ။

ထို့နောက် အာလူးအကြေအစများနဲ့ ကပ်ပေးလိုက်ပါ။

ပြီးတဲ့အခါ လင်ဗန်းပေါ်မှာ အခုလိုပဲ အစီအရီတင်ထားလိုက်ပြီးနောက် ၈ မိနစ်ခန့် Oven ထဲထည့်ထားပါ။ အချိန်ပြည့်တဲ့အခါ ကြက်သွန်ကွင်းကို တစ်ဖက်လှန်ပြီး ၈ မိနစ်ခန့် ပြန်ထည့်ထားပါ။

ဒါဆိုရင်တော့ အမြင်နဲ့တင် သွားရေကျချင်စရာကောင်းတဲ့ ကြက်သွန်ကွင်း အာလူးကြော်လေးရရှိသွားပါပြီ။

Source: Zoomyummy.com