တနေ့တနေ့ အိမ်မှာ ဟင်းတွေထပ်နေလို့ စိတ်ညစ်နေပြီလား ၊ အခုဟင်းလျာ အသစ်တမျိုး ချက်နည်းလေးတင်ပေးပါ့မယ် ။ ဟင်းကို ထူးထူးဆန်းဆန်း နာမည်မှည့်ထားတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သား – ၁ ခြမ်း
- ကြက်သွန်နီ – ၂ ဥ
- ဂျင်းသေးသေး – ၁ တက်
- ကြက်သွန်ဖြူ – ၃ မွှာ
- ငရုတ်နီခြောက်တောင့် – ၅ တောင့်
- မုန်ညင်းစိမ်း – ၁ စည်း
- မှို – အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
- ကြက်သားကို အတုံးငယ်တုံးပြီး ထောင်းထားတဲ့ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်နီခြောက်တောင့် တို့နဲ့အတူ ဆား၊ ဟင်းခတ်မှုန့်တို့နဲ့ အရသာနယ်ပါ ။
- ချက်မည့် အိုးထဲမှာထည့်ပြီး ရေအနည်းငယ်ထည့်ကာ အဖုံးပိတ်ပြီး စတင်အပူပေးပါ။ ကြက်သားတဝတ်ခန့် ကျက်ပြီဆိုရင် ကြက်သွန်နီ ၈ စိတ်ကွဲ၊ မှို၊ မှန်ညင်းစိမ်းတို့ကို ထည့်ပြီး ခေတ္တခဏ အဖုံးပြန်ပိတ်ပါ။ ပွက်ပွက်ဆူပြီဆိုရင် မီးဖိုပေါ်ကချ၊ သံပုရာသီး တခြမ်းလောက် ညှစ်ပြီး အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။
Credit: ဝင်းနိုင်သိန်း