စူပါမားကတ်တွေမှာသာမဟုတ်၊ လမ်းထဲကဆိုင်မှာတွင် လွယ်လင့်တကူဝယ်ယူနိုင်တဲ့ အသင့်စားခေါက်ဆွဲထုပ်ကို ပြုတ်စားတဲ့အခါမှာ မိမိကြိုက်နှစ်သက်သည့် မည်သည့်ဟင်းသီးဟင်းရွက်ကိုမဆို ထည့်သွင်းချက်ပြုတ်နိုင်သော်လည်း အစီအစဉ်အလိုက် ထည့်တတ်ဖို့တော့လိုအပ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အသင့်စားခေါက်ဆွဲခြောက်ထုပ် – ၁ ထုပ်
  • အနေတော်အရွယ်လှီထားသည့် ဂေါ်ဖီ – ၁ ခွက်စာ
  • မုန်လာဥနီ – တစ်ဝက်
  • မှို – ၃ ခု

  • ပဲပင်ပေါက် – လေးပုံပုံတစ်ပုံ
  • ကြက်သွန်မြိတ် – အနည်းငယ်
  • ကြက်သွန်ဖြူ – ၁ မြွှာ
  • ရေ – သုံးခွက်

ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်

ရေကိုပွက်ပွက်ဆူအောင် တည်ပြီးနောက် အထုပ်တွင်ပါဝင်သော အဆီအနှစ်၊ အမှုန့်တို့ကိုထည့်ပြီး ညွှန်ကြားချက်အတိုင်း ခေါက်ဆွဲပြုတ်ပါ။

ထို့နောက် ဆီထည့်ထားသည့်ဒယ်အိုးပူလာပြီဆိုလျှင် ထောင်းထားသည့်ကြက်သွန်ဖြူထည့် ဆီသပ်ပေးပါ။

အနံ့မွှေးလာပြီဆိုလျှင် အနေတော်လှီးထားသည့် မုန်လာဥနီ၊ မှိုတို့ကို စက္ကန့်သုံးဆယ်ခန့်မျှထည့်ကြော်ပေးပါ။

ပြီးနောက် ဂေါ်ဖီကိုထပ်ပေါင်းထည့်ပြီး နောက်ထပ်စက္ကန့်သုံးဆယ်ခန့်ထပ်ကြော်ပေးပါ။

မီးဖိုပေါ်မှချပြီးနောက် ပဲပင်ပေါက်များကိုချက်ခြင်းထည့်ပေးပြီး နူးသွားအောင်မွှေပေးပါ။

နောက်ဆုံးအနေနဲ့ ခေါက်ဆွဲပြုတ်ကိုပန်းကန်ထဲထည့်ပြီး ကြော်လှော်ထားသည့်ဟင်းသီးဟင်းရွက်များကို ပေါင်းထည့်ပြီး ကြက်သွန်မိတ်ဖြူးပေးပြီးနောက်မှာ အရသာရှိသည့် ခေါက်ဆွဲပြုတ်တစ်ခွက်ကို အချိန်တိုအတွင်း ရရှိနိုင်မှာဖြစ်ပါတယ်။