အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အမဲသားလွှာ ပါးပါးလေးကို အရသာတစ်မျိုးထူးအောင် ကြော်စားနည်းကို မျှဝေပေးချင်ပါတယ်။

အရမ်းလည်းအရသာရှိပြီး အမဲသားဆိုတော့ သွေးအားလည်း ကောင်းစေပါတယ်။

ပါဝင်ပစ္စည်း

  • အမဲသား ၁၅ ကျပ်သား
  • ဆန်မှုန့် (သို့) ဂျုံမှုန့် ခွက်တစ်ဝက်
  • ဆီ
  • ကြက်သွန်မြိတ်ပါးပါးလှီးပါ

အနှစ်လုပ်ရန်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဝိုင်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ကြက်သွန်ဖြူ အနည်းငယ် (ထောင်းပါ)

ပြုလုပ်နည်း

အရင်ဆုံး အမဲသားကို ပါးပါးလှီးလိုက်ပါ။

ပြီးရင် အနှစ်နဲ့ နယ်ပေးလိုက်ပြီး မိနစ် ၂၀ ခန့်ထားထားပါ။ အရသာ ဝင်သွားအောင်လို့ပါ။

ပြီးရင် ဆန်မှုန့် (သို့) ဂျုံမှုန့်နဲ့ တို့လိုက်ပါ။ အဲဒီနောက် ဆီနည်းနည်းနဲ့ ကြော်ပေးလိုက်ပါ။

ဆော့စ်နဲ့ တို့စားပြီး သုံးဆောင်လို့ရပါတယ်နော်။

Source: www.koreanbapsang.com

By: MyFood Myanmar