အားလုံးပဲ မင်္ဂလာပါ။ အားလပ်ချိန်လေးမှာ မီးဖိုချောင်ထဲဝင်ပြီး ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ချက်ပြုတ်ရတာ ဝါသနာပါတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ လွယ်လွယ်ကူကူပြင်ဆင်ပြုလုပ်နိုင်တဲ့ ငှက်ပျောကြော်အချိုပွဲ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: womensweekly.com

  • အတန်ငယ် အမှည့်လွန်နေသော ငှက်ပျောသီး ၃ လုံး
  • ဆီအနည်းငယ်
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • သစ်ကြမ်းပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ငှက်ပျောသီးကို အခွံခွာပြီး လက်မဝက်အထူခန့် လှီးဖြတ်ထားလိုက်ပါ။

Source: wholenewmom.com

၂။ သကြားနဲ့ သစ်ကြမ်းပိုးခေါက်မှုန့်တို့ကို ပန်းကန်လုံးတစ်ခုတည်းမှာ သမအောင် ရောမွှေပေးလိုက်ပါ။

၃။ ထို့နောက် ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားလိုက်ပါ။ ငှက်ပျော်တုံးများကို အလယ်အလတ်မီးအပူချိန်ဖြင့် ၂ မိနစ်၊ ၃ မိနစ်ခန့် ဆီပူထဲ ထည့်ကြော်လိုက်ပါ။

၄။ သစ်ကြမ်းပိုးခေါက်နဲ့ သကြားအရောအနှောကို ငှက်ပျောသီးပေါ် ဖြူးပြီးနောက် ငှက်ပျောတုံးကို တစ်ဖက်ခြမ်းသို့ လှန်လိုက်ပါ။

၅။ နောက်ထပ် ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပြီးတဲ့နောက်မှာ သကြားအရောအနှော ထပ်ဖြူးပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာတဲ့အခါမှာတော့ ပန်းကန်ပြားထဲထည့်ပြီးနောက် ပူပူနွေးနွေးနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: myrecipes.com