အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာပြုလုပ်နည်းကတော့ ပျားရည်ဆမ်း ကြက်သားအချိုကြော် ကြော်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၄ တုံးခန့်
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၅ ဇွန်း

  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၁ ဥ (အခွံခွာပြီး နုပ်နုပ်စဉ်းထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆား၊ ငရုတ်ကောင်းမှုန့်တို့ကို ကြက်သားတုံး နှစ်ဖက်ခြမ်းစလုံးပေါ်သို့ ပွတ်တိုက်ထားပြီးနောက် ၁၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲသို့ ဆီ၊ ပျားရည်၊ ရှာလကာရည်နှင့် ကြက်သွန်ဖြူတို့ထည့်ကာ သမအောင် မွှေခလောက်ထားလိုက်ပါ။

၃။ ကြက်သားတုံးများကို လေလုံအိတ်ထဲသို့ ထည့်ပြီးနောက် စောစောက ပျားရည်အရောအနှောကိုပါ ထိုအိတ်ထဲသို့ လောင်းထည့်လိုက်ပါ။ ထို့နောက် အိတ်ကို အလုံပိတ်ပြီးနောက် ရေခဲသေတ္တာထဲတွင် ၁၂ နာရီခန့် ထားထားလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ကာ ၆ မိနစ်၊ ၇ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၆ မိနစ်၊ ၇ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၅။ ရရှိလာတဲ့ ကြက်သားကြော်ကို ပန်းကန်ပြားထဲ ထည့်ပြီးနောက် မိမိကြိုက်နှစ်သက်ရာ အချဉ်ဆော့စ်တို့ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပျားရည်ဆမ်း ကြက်သားအချိုကြော်လေး ရရှိသွားပါပြီ။

Source: Spicetheplate.com