အားလုံးပဲ မင်္ဂလာပါ။ အားလပ်ချိန်လေးကို အကျိုးရှိရှိအသုံးချတဲ့အနေနဲ့ အမဲသား ပဲပြားပန်ကိတ်လေး လုပ်စားကြရအောင်။

ပါဝင်ပစ္စည်းများ

  • နုပ်နုပ်စင်းထားသော အမဲသား ဝ.၅ ပေါင် ( သို့မဟုတ် ဝက်သား သို့မဟုတ် နှစ်မျိုးအရော အသုံးပြုနိုင်ပါတယ်)
  • ပဲပြား (သို့) တို့ဖူး ၄ အောင်စ
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

  • ပါးပါးလှီးထားသော မုန်လာဥနီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ဥ ၂ လုံးနှင့် အနှစ် ၁ လုံး
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဂျုံမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသား၊ ပဲပြား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥ၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီနဲ့ ကြက်ဥ တစ်လုံးတို့ကို ပန်းကန်လုံးထဲထည့်ပြီး သမအောင် ရောနယ်လိုက်ပါ။

၂။ ရောနယ်ပြီးသော အစာများကို အဝိုင်းပုံသဏ္ဍာန် လုံးပြီးနောက် ဂျုံမှုန့်နဲ့ ကပ်ပေးလိုက်ပါ။ ကျန်ရှိနေတဲ့ ကြက်ဥ ၁ လုံးနဲ့ ကြက်ဥ အနှစ်တို့ကို သမအောင် မွှေခလောက်ပြီးနောက် အသားလုံးကို ကြက်ဥထဲ နှစ်ပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ လုံးထားသော အသားလုံးများကို ထည့်ကြော်ပေးလိုက်ပါ။ တစ်ခြမ်းကို တစ်မိနစ်စီ ကြော်ပေးလိုက်ပါ။

၄။ အသားလုံးများ ရွှေညိုရောင် ပြောင်းသွားပါက ဆီထဲက ခပ်ထုပ်ပြီး အအေးခံကာ မိမိနှစ်သက်ရာအချဉ်ရည်နဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: maangchi.com