အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဂျုံခေါက်ဆွဲကို အရသာရှိရှိ ကြော်စားချင်တဲ့သူတွေအတွက် ဂျုံခေါက်ဆွဲကြော် ကြော်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ကြက်ပေါင် ၁ ချောင်း
  • နံနံပင် အနည်းငယ်
  • မုန်လာဥနီ တစ်ခြမ်း
  • မှို အနည်းငယ်
  • ဆား

  • ပဲငံပြာရည်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဆီ
  • ကြက်ဥ အကာ
  • ဂျုံခေါက်ဆွဲ

ပြုလုပ်နည်း

အရင်ဆုံး ကြက်သားကိုရေသေချာဆေး လှီးလိုက်ပြီး အသီးအရွက်တွေကိုလည်း လှီးချွတ်ကာရေသေချာဆေးလိုက်ပါ။

အသင့်လုပ်ပြီးသား ဂျုံခေါက်ဆွဲဝယ်ရင်လည်းရသလို ကိုယ့်ဘာသာကိုယ် အိမ်မှာလုပ်ချင်လည်းရပါတယ်။

ခွက်အကြီးထဲမှာ၊ ရေ၊ ဆား၊ ဂျုံမှုန့်၊ ပွဆေးအနည်းငယ် ရောလိုက်ပြီး သေချာနယ်ပေးလိုက်ပါ။

သမအောင် နာနာနှယ်ပေးလိုက်ပါ။

ပြီးရင် အပြားဖြစ်အောင်လိပ်လိုက်ပြီး ဂျုံကိုခေါက်လိုက်ကာ ပါပါးလှီးလိုက်ပြီး ရေဆေးလိုက်ပါ။

အသီးအရွက်တွေကိုလည်း လှီးလိုက်ပါ။

ပြီးရင်တော့ ဆီကိုအပူပေးလိုက်ပြီး  မှို၊ နဲ့ ကြက်သားကိုကြော်လိုက်ပါ။

ပြီးရင် အသီးအရွက်ထည့်ကြော်လိုက်ပြီး ခေါက်ဆွဲထည့်ပေးပါ။

အဲဒီနောက် ဆားနဲ့ ပဲငံပြာရည်ထည့်လိုက်ပါ။

အဲဒီနောက် သေချာလေးမွှေပေးလိုက်ပြီး သုံးဆောင်နိုင်ပါပြီ။

Source: www.hyumofchina.com

By: MyFood Myanmar