အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ကြက်ဥကပ် တို့ဟူးကြော်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၁ လုံး
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • တို့ဟူး ၁ တုံး (လေးထောင့် အတုံးငယ် ခပ်ပါးပါးလှီးထားပါ)
  • ပြောင်းမှုန့်အနည်းငယ်နှင့် ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲသို့ ကြက်ဥ ၁ လုံးဖောက်ထည့်ပါ။ ပါးပါးလှီးထားသော ကြက်သွန်မြိတ်ထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့် ထည့်ပြီးနောက် သမအောင် မွှေခလောက်ပေးရပါမယ်။

၂။ တို့ဟူးတုံးများကို ပြောင်းမှုန့်ဖြင့် ကပ်ပေးလိုက်ပါ။

၃။ ပြီးရင်တော့ ကြက်ဥ ကြက်သွန်မြိတ် အရောအနှောထဲ ထည့်နှစ်လိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက တို့ဟူးပြားများ ထည့်ကြော်ပေးလိုက်ပါ။ အောက်ခြေမျက်နှာပြင်က ရွှေညိုရောင် သမ်းလာပါက အခြားတစ်ဖက်သို့လှန်ပြီး ထပ်ကြော်ပေးရပါမယ်။

၅။ နှစ်ဖက်စလုံး ရွှေညိုရောင် သမ်းသွားပြီဆိုရင်တော့ ပန်းကန်ပြားထဲသို့ ဆယ်ထည့်ထားလိုက်ပါ။

ဒါဆိုရင်တော့ ကြက်ဥ တို့ဟူးကြော်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါပြီ။

Source : Chinasichuanfood.com