(Unicode)

အားလုံးပဲ မင်္ဂလာပါ။ အကြော် ဝယ်စားတဲ့အခါ တို့ဟူးကြော်ကို မပါမဖြစ်ပါအောင် ဝယ်စားလေ့ရှိတဲ့ တို့ဟူးကြော်ချစ်သူတွေအတွက် ဒီတစ်ခါမှာတော့ ကြက်ဥ ကြက်သွန်မြိတ်တို့နဲ့ ရောကြော်ထားတဲ့ ကြက်ဥ တို့ဟူးကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • တို့ဟူး ၂ တုံး၊ ၃ တုံးခန့် (၁.၅ စင်တီမီတာအထူ လှီးဖြတ်ထားပါ)
  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပြောင်းမှုန့်နှင့် ဆီအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သွန်မြိတ်များကို ပါးပါးလှီးပြီးနောက် ပန်းကန်လုံးတစ်လုံးထဲ ထည့်ထားလိုက်ပါ။ ထိုပန်းကန်ထဲသို့ ကြက်ဥ ၁ လုံးကို ဖောက်ထည့်ပြီး ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေခလောက်လိုက်ပါ။

၂။ တို့ဟူးကို ရေနှင့် ဆေးပြီးနောက် ၁.၅ စင်တီမီတာ အထူနှင့် ၄ စင်တီမီတာ အကျယ်ခန့် လှီးဖြတ်ထားလိုက်ပါ။

၃။ ထို့နောက် တို့ဟူးများကို ပြောင်းမှုန့်နှင့် ကပ်ထားပေးလိုက်ပါ။ ပြီးရင် ကြက်သွန်မြိတ် ကြက်ဥအနှစ်ထဲသို့ ထည့်နှစ်လိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်လိုက်ပါ။ ဆီပူလာပါက တို့ဟူးတုံး တစ်တုံးချင်းစီကို ထည့်ကြော်ပေးလိုက်ပါ။ တို့ဟူး နှစ်ဖက်စလုံးကို ကြော်ပေးရပါမယ်။

၅။ တို့ဟူးများ ရွှေညိုရောင်ပြောင်းသွားပါက အိုးထဲမှ ဆယ်ယူပြီး ပန်းကန်ပြားထဲပြောင်းထည့်ကာ အအေးခံထားလိုက်ပါ။ အေးသွားပြီဆိုရင်တော့ မိမိနှစ်သက်ရာ အချဉ် ဆော့စ်တစ်မျိုးမျိုးဖြင့် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com

(Zawgyi)

အားလံုးပဲ မဂၤလာပါ။ အေၾကာ္ ဝယ္စားတဲ့အခါ တို႔ဟူးေၾကာ္ကို မပါမျဖစ္ပါေအာင္ ဝယ္စားေလ့ရွိတဲ့ တို႔ဟူးေၾကာ္ခ်စ္သူေတြအတြက္ ဒီတစ္ခါမွာေတာ့ ၾကက္ဥ ၾကက္သြန္ၿမိတ္တို႔နဲ႔ ေရာေၾကာ္ထားတဲ့ ၾကက္ဥ တို႔ဟူးေၾကာ္ ေၾကာ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား

  • တို႔ဟူး ၂ တံုး၊ ၃ တံုးခန္႔ (၁.၅ စင္တီမီတာအထူ လွီးျဖတ္ထားပါ)
  • ၾကက္ဥ ၁ လံုး (ေမႊခေလာက္ထားပါ)
  • ၾကက္သြန္ၿမိတ္ ၃ ပင္ (ပါးပါးလွီးထားပါ)
  • ဆားႏွင့္ ငရုတ္ေကာင္းမႈန္႔ အနည္းငယ္
  • ေျပာင္းမႈန္႔ႏွင့္ ဆီအနည္းငယ္

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ၾကက္သြန္ၿမိတ္မ်ားကို ပါးပါးလွီးၿပီးေနာက္ ပန္းကန္လံုးတစ္လံုးထဲ ထည့္ထားလိုက္ပါ။ ထိုပန္းကန္ထဲသို႔ ၾကက္ဥ ၁ လံုးကို ေဖာက္ထည့္ၿပီး ဆားႏွင့္ ငရုတ္ေကာင္းမႈန္႔တို႔ထည့္ကာ သမေအာင္ ေမႊခေလာက္လိုက္ပါ။

၂။ တို႔ဟူးကို ေရႏွင့္ ေဆးၿပီးေနာက္ ၁.၅ စင္တီမီတာ အထူႏွင့္ ၄ စင္တီမီတာ အက်ယ္ခန္႔ လွီးျဖတ္ထားလိုက္ပါ။

၃။ ထို႔ေနာက္ တို႔ဟူးမ်ားကို ေျပာင္းမႈန္႔ႏွင့္ ကပ္ထားေပးလိုက္ပါ။ ၿပီးရင္ ၾကက္သြန္ၿမိတ္ ၾကက္ဥအႏွစ္ထဲသို႔ ထည့္ႏွစ္လိုက္ပါ။

၄။ ဒယ္အိုးကို အပူေပးၿပီး ဆီထည့္လိုက္ပါ။ ဆီပူလာပါက တို႔ဟူးတံုး တစ္တံုးခ်င္းစီကို ထည့္ေၾကာ္ေပးလိုက္ပါ။ တို႔ဟူး ႏွစ္ဖက္စလံုးကို ေၾကာ္ေပးရပါမယ္။

၅။ တို႔ဟူးမ်ား ေရႊညိဳေရာင္ေျပာင္းသြားပါက အိုးထဲမွ ဆယ္ယူၿပီး ပန္းကန္ျပားထဲေျပာင္းထည့္ကာ အေအးခံထားလိုက္ပါ။ ေအးသြားၿပီိဆိုရင္ေတာ့ မိမိႏွစ္သက္ရာ အခ်ဥ္ ေဆာ့စ္တစ္မ်ိဳးမ်ိဳးျဖင့္ အရသာရွိရွိ သံုးေဆာင္ႏိုင္ပါၿပီ။

Source: Chinasichuanfood.com