အားလုံးပဲ မင်္ဂလာပါ။ အကြော်အလှော်ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိပြီး အာဟာရဖြစ်စေမယ့် သွားရေစာမုန့်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကန်စွန်းဥ ၂၈၀ ဂရမ်
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပေါင်မုန့်အကြေအစ အနည်းငယ်

  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နံနံပင်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကန်စွန်းဥများကို နူးအိနေအောင်ပြုတ်ပြီးနောက် အခွံခွာထားလိုက်ပါ။ ထို့နောက် ညှက်နေအောင် ထောင်းထားလိုက်ပါ။

၂။ ရရှိလာတဲ့ ကန်စွန်းဥထောင်းကို ဇလုံအကြီးတစ်လုံးထဲထည့်ပြီးနောက် ထောပတ်၊ ပျားရည်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး သမအောင် နယ်ထားလိုက်ပါ။

၃။ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။

၄။ ပေါင်မုန့်အကြေအစများကို သံလွင်ဆီ၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။ ထို့နောက် ဒယ်အိုးကို အပူပေးပြီး ထိုအရောအနှောကို ထည့်ကြော်ပေးလိုက်ပါ။ ရွှေညိုရောင်ပြောင်းသွားသည်အထိ ကြော်ပြီးနောက် ပန်းကန်ထဲသို့ ဆယ်ထည့်ပြီး အအေးခံထားလိုက်ပါ။

၅။ နယ်ထားသော ကန်စွန်းဥများကို အလုံး ၂၀ ခန့်ရအောင် လုံးပေးလိုက်ပါ။ ထို့နောက် စောစောကကြော်ထားသော ပေါင်မုန့်အကြေများဖြင့် ရောလုံးပေးလိုက်ပါ။

၆။ နောက်တစ်ဆင့်အနေဖြင့် Oven ထဲထည့်မယ့် လင်ဗန်းပေါ်တွင် ဆီစုပ်စက္ကူခံထားကာ ကန်စွန်းဥလုံးလေးများတင်ပေးလိုက်ပါ။ ထို့နောက် Oven ထဲတွင် မိနစ် ၂၀၊ ၂၅ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။

၇။ အချိန်ပြည့်သွားတဲ့အခါမှာတော့ အနံ့မွှေးပြီး အရသာရှိတဲ့ ကန်စွန်းဥလုံးကြော်လေး ရရှိသွားပါပြီ။ နံနံပင်လေးဖြူးထည့်ကာ မိမိနှစ်သက်ရာအချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Noshingwiththenolands.com