အိမ်မှာထောင်းစားတဲ့ စပ်စပ်မွှေးမွှေး ယိုးဒယားသင်္ဘောသီးထောင်းလေး လုပ်စားကြရအောင်နော်။
ပါဝင်ပစ္စည်းများ
- သင်္ဘောသီး ခြစ်ပြီးသား – ၁ ပန်းကန်
- သံပုရာသီး – ၁ လုံး
- ခရမ်းချဉ်သီး – ၂ လုံး
- ခရမ်းကျွတ်သီး – ၂ လုံး
- ပဲတောင့်ရှည် – ၂ တောင့်
- ဥနီ – ၁ပိုင်း (အမျှင်လေးများခြစ်ထားပါ)
- ကြက်သွန်ဖြူ – အနည်းငယ်
- ပုဇွန်ခြောက် – အနည်းငယ်
- မကျည်းဖျော်ရည် – အနည်းငယ်
- ငရုတ်သီး – အနည်းငယ် (ချိန်ဆထည့်ပါ)
- ပုဇွန်ငံပြာရည် – အနည်းငယ်
- ဂဏန်းငါးပိ – အနည်းငယ် (မရှိပါက ငါးပိ ရိုးရိုး ကြိုပြီး ထည့်ပါ)
- ဟင်းချိုမှုန့် – အနည်းငယ်
- ထန်းလျက်ရည် – အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
- ငရုတ်ဆုံ သန့်သန့် ထဲသို့  ငရုတ်သီး အနည်းငယ် ထည့်ပြီး ထောင်းပါမယ်။ ငရုတ်သီးကို ၄ စိတ် ကွဲရုံ အနည်းငယ် ထောင်းပြီးသည်နှင့် ကြက်သွန်ဖြူ ထည့်ပါ။ ပဲသီး ထည့်ပါ။
- သင်္ဘောသီး ခြစ်ပြီးသား ထည့်ပါ ။ ခရမ်းချဉ်သီး လှီးထည့်ပါ ။ ဥနီ ခြစ်ပြိးသာ ထည့်ပါ။ ထန်းလျက်ရည် အနည်းငယ် ထည့်ပါ ။ အချို မကြိုက်သူများ မထည့်လည်း ရပါတယ်။
- မန်ကျည်းရည် ဟင်းခတ် ဇွန်း ၂ ဇွန်း ထည့်ပါ ။
- ငံပြာရည် ၁ ဇွန်း ၊ အချို မှုန့် အနည်းငယ် ၊ ငါးပိ ၁ ဇွန်း နှင့် ပုဇွန်ခြောက် အနည်းငယ် တို့ကို အချိုးကျ ပေါင်းစပ်ပြီး သံပုရာသီး လှီးထည့်ကာ အနည်းငယ် ထောင်းလိုက်ပါက ယိုးဒယား သင်္ဘောသီးထောင်း ရပါပြီ။
မုန့်ဟင်းခါးဖတ် ၊ ကြက်ကင် ၊ အသီးအရွက် အမျိုးမျိုး ၊ ဥပမာ – လတ်ဆတ်သော ဂေါ်ဖီ ၊ ကန်စွန်းရိုးနီ အညွန့် ၊ ပဲသီး စသည်တို့ဖြင့် တွဲဖက် သုံးဆောင် နိုင်ပါသည် ။ ** ကြေညက်အောင် မထောင်းရပါ ။ အရသာကို မိမိ စိတ်ကြိုက် ပြင်ဆင် သုံးဆောင်နိုင်ပါသည် ။
MyFood Myanma