အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ချိစ်အရသာ စိမ့်ဝင်နေတဲ့ ကြက်သားမီးဖုတ်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံး ၁ ပေါင် (အရိုးနှင့် အရေခွံတို့ကို ဖယ်ရှားထားပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်နှင့် ငရုတ်သီးမှုန့် အနည်းငယ်

  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ချိစ် စားပွဲတင်ဇွန်း ၈ ဇွန်း (ခြစ်ပြားဖြင့် ခြစ်ထားလိုက်ပါ)
  • သံပုယိုသီးစိပ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ရင်အုံသားများကို သံလွင်ဆီ၊ ကြက်သွန်ဖြူမှုန့်၊ သံပုယိုရည်၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ဆားတို့ဖြင့် သမအောင် ရောနယ်ထားလိုက်ပါ။

၂။ ကြက်သားနှပ်ထားချိန်မှာ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။

၃။ ထို့နောက် ကြက်ရင်အုံသားပေါ်သို့ ချိစ်များ ဖြူးပေးလိုက်ပါ။ ပြီးရင်တော့ Oven ထဲမှာ မိနစ် ၂၀၊ မိနစ် ၃၀ ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

၄။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ကြက်ရင်အုံသားကို မီးဖိုထဲက ထုတ်ကာ ပန်းကန်ပြားပေါ် တင်ထားလိုက်ပါ။

ထို့နောက် သံပုယိုသီးစိပ်လေးများဖြင့် အလှဆင်ကာ သံပုယိုရည်အနည်းငယ် ထပ်ဆမ်းပေးနိုင်ပါသေးတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချိစ်အရသာ ကြက်သားမီးဖုတ်လေး ရရှိသွားပါပြီ။

Source: Rasamalaysia.com