အားလုံးပဲ မင်္ဂလာပါ။ အချိန်တိုတိုအတွင်းမှာ အနံ့ရော အရသာပါ ပြီးပြည့်စုံတဲ့ ငါးအသားချောင်းကြော်လေး မလုပ်စားချင်ကြဘူးလား။ ပြုလုပ်နည်းကလည်း လွယ်ကူရိုးရှင်းတာကြောင့် မီးဖိုချောင်ထဲမှာ အချိန်မဖြုန်းချင်တဲ့ အိမ်ရှင်မတွေအတွက်တော့ တကယ့်ကို အံကိုက်ပါပဲ။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၅၅ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်
  • ကြက်ဥ ၂ လုံး
  • ပေါင်မုန့်အကြေအစများ ၁၂၈ ဂရမ်
  • တီလားဘီးယားငါးအသားလွှာ တစ်ပေါင်ခန့် (မိမိကြိုက်နှစ်သက်ရာ ငါးတစ်မျိုးမျိုးကိုလည်း အသုံးပြုနိုင်ပါတယ်)
  • ချိစ် အနည်းငယ်
  • ကြက်သွန်ဖြူမှုန့် စားပွဲတင်ဇွန်း နှစ်ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို အပူချိန် ၄၅၀ ဒီဂရီဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ဂျုံမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို ရောမွှေထားပါ။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥတို့ကို မွှေခလောက်ထားပါ။ တတိယမြောက်ပန်းကန်လုံးထဲတွင်တော့ ချိစ်နှင့် ပေါင်မုန့်အကြေအစများကို သမအောင် ရောမွှေထားလိုက်ပါ။

၃။ ငါးများကို တစ်လက်မအကျယ်နှင့် သုံးလက်မ အရှည်အရွယ်အစားခန့် ခန့်မှန်းပြီး လှီးဖြတ်ထားပါ။ လှီးဖြတ်ထားသော ငါးအချောင်းများကို ဂျုံမှုန့် ပန်းကန်ထဲ နှစ်လိုက်ပါ။ ဂျုံမှုန့်များကပ်နေသော ငါးများကို ကြက်ဥပန်းကန်ထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် ပေါင်မုန့်များနဲ့ ထပ်ကပ်ပေးရပါမယ်။

၄။ Oven ထဲထည့်မယ့် လင်ဗန်းကို ခဲဖတ်ပြားခံထားပြီးနောက် ဟင်းချက်ဆီကို ပက်ဖြန်းထားလိုက်ပါ။ ထို့နောက် ငါးအချောင်းများကို အစီအရီတင်ထားလိုက်ပါ။ ထို့နောက် Oven ထဲတွင် ၁၀ မိနစ်၊ ၁၂ မိနစ်ခန့် ထည့်ထားရပါမယ်။

အချိန်ပြည့်သွားတဲ့အခါမှာတော့ ငါးအချောင်းများက ရွှေညိုရောင်သမ်းသွားပြီး အနံ့အရသာနဲ့ ပြည့်စုံတဲ့ မုန့်ကြွပ်ကပ် ငါးအသားချောင်းကြော်လေး ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Tasteofhome.com