အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အာလူးချစ်သူတွေ အကြိုက်တွေ့သွားစေမယ့် ချိစ်အရသာ အာလူး ကတ်သလစ်ကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး အလုံးကြီး ၂ လုံး
  • ကြက်ဥ ၁ လုံး
  • ချိစ် အနည်းငယ်
  • နံနံပင် အနည်းငယ်
  • ကြက်သွန်မြိတ် အနည်းငယ်

  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးများကို ရေနွေပူထဲတွင် မိနစ် ၂၀၊ ၂၅ မိနစ်ခန့် ထည့်ပြုတ်လိုက်ပါ။ အာလူးများ နူးအိသွားပါက အအေးခံကာ အခွံခွာထားလိုက်ပါ။

၂။ အခွံခွာပြီးသွားအာလူးများကို ပန်းကန်လုံးအကြီးထဲထည့်ကာ ခက်ရင်းဖြင့် ညှက်နေအောင် ချေမွထားပါ။

၃။ ထိုအာလူးပန်းကန်ထဲသို့ပင် ကြက်ဥ၊ ချိစ်၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ဂျုံမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောနယ်လိုက်ပါ။

၄။ ရရှိလာတဲ့ အာလူးအရောအနှောကို ချင်တွယ်ခွက် သေးသေးလေးဖြင့် ခပ်ယူကာ အာလူးကတ်သလစ်ပုံသဏ္ဍာန် ဖြစ်သွားအောင် ပြုလုပ်လိုက်ပါ။ (ချင်တွယ်ခွက် မရှိပါက လက်တစ်ဆုပ်စာခန့် ခပ်ယူပြီးနောက် အာလူးကတ်သလစ် ပုံစံလေးဖြစ်သွားအောင် လုံးလိုက်ပါ။ ထို့နောက် ခပ်ဖွဖွလေး ဖိပါ။)

၅။ ရရှိလာတဲ့ အာလူး ကတ်သလစ်များကို ချိစ်အနည်းငယ် ကပ်ပေးလိုက်ပါ။

၆။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီထည့်ပါ။ ဆီပူလာပါက အာလူးကတ်သလစ်များထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်လိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ ရွှေညိုရောင် ပြောင်းသွားသည်အထိ ဆက်ကြော်ပေးလိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ အာလူးကတ်သလစ်ကြော်လေး ရရှိသွားပါပြီ။

Source: Cooktoria.com